အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သောရခိုင်ပြည်နယ်အတွင်းရှိမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်း များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သောရခိုင်ပြည်နယ်အတွင်းရှိမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်း များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

နေပြည်တော်၊ မေ - ၁၆

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ် ဆယ်ရေးပစ္စည်းများကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

    ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မဟာဗန္ဓုလ) ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ဂြိုလ်တုဖုံး ၁ စုံ၊ ခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ ဂျုံခေါက်ဆွဲ ၅၀ ထုတ်၊ ဓာတ်ဆားထုပ် ၈,၈၀၀ ထုတ်၊ ကြက်ဥ ၁၄,၃၀၀ လုံး၊ ကြက်သား ၃၀ ပိဿာ၊ ရေသန့် ၁၀ ကတ်၊ ငါးပိ ၁၀၀ ပိဿာ၊ ငါး ၂၀၀ ပိဿာ၊ ငါးခြောက် ၈၀၀ ပိဿာ၊ ဆန် ၅ အိတ်၊ အသီးအရွက်၊ မီးစက် ၁ လုံး၊ လေအိတ် ၁၂ လုံး (၁၅ တန်)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ကြက်ဥ ၁၀,၀၀၀ လုံး၊ မြေခင်းစ ၂ လိတ်၊ ဆေးပစ္စည်း ၁ ဖာနှင့် ၂ အိတ် (၁ တန်)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀ အိတ်၊ တာပေါ်လင်စ ၂၀၀ လိတ် (၃၂.၄ တန်) စုစုပေါင်း ၄၈.၄ တန်ခန့် နှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့် တပ်ဖွဲ့များအား တင်ဆောင်၍ ယနေ့နံနက် ၉ နာရီတွင် အမှတ်(၄)ရေတပ်ဆိပ်ခံ တံတားမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ထွက်ခွာသွားခဲ့ ကြောင်းနှင့် မေ ၁၇ ရက် ညနေပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။

    အလားတူ စစ်ရေယာဉ်(မုတ္တမ)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး မှ ၅ ပြည်ဝင်ဆန်အိတ် ၁၀,၀၀၀ အိတ် (၁၂၅ တန်)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးမှ ၇ မယ်ရိက္ခာထုပ် ၈၃၂.၅ ထုတ်၊ အမှတ်(၉၈၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်မှ ဆယ်တင်သွပ် ၂၆,၇၃၇ ချပ်၊ သွပ်သံ ၉၁ ဖာ၊ အမိုး Screw ၁၆ ဖာ၊ ချိန်းဆော ၂၀ လက်(၁၅၁)တန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) မှ အမယ်စုံထောက်ပံ့ပစ္စည်း ၃၀၀ ပုံး၊ ခေါက်ဆွဲခြောက် ၁၆၄ ထုတ်၊ ရေသန့် ၂၀၀ ကတ်၊ ပုဆိုး ၇၅၀ ထည် (၃ တန်)၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ သွပ် ၄၇,၈၉၀ ချပ်၊ သွပ်သံ ၇၂ ဖာ၊ အိမ်ရိုက်သံ ၁၆,၅၆ ဖာနှင့် ၉၄ အိတ်၊ စားအုန်းဆီ ၂၀,၀၈၀ ဗူး (၂၄၂ တန်)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စည်သွပ်ဗူး ၇၄၉ ဖာနှင့် ၁ အိတ် (၂၀ တန်)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်အိတ် ၅,၅၅၇ အိတ်၊ တာပေါ်လင်စ ၃၀၀ လိတ် (၂၈၉ တန်)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile Van ၂ စီး၊ တာဝါတိုင် ၁ စုံ၊ Cable ကြိုး ၂ ခွေ (၃၅ တန်)၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေသန့်စင်စက်ကား ၂ စီး(၄၄ တန်)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မီးစက် (နောက်တွဲပါ) ကား ၂ စီး၊ ဒီဇယ်ဆီ ၂၀ လုံး (၁၉ တန်)  စုစုပေါင်း ၉၂၈ တန်ခန့် နှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့် တပ်ဖွဲ့များကို တင်ဆောင်၍ ယနေ့နံနက် ၁၁ နာရီတွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ ရခိုင်ပြည် နယ်၊ စစ်တွေမြို့သို့ထွက်ခွာခဲ့ကြောင်းနှင့် မေ ၁၇ ရက် ညပိုင်းတွင် ရောက်ရှိမည် ဖြစ်သည်။

  ထို့အတူ တပ်မတော်(ရေ)မှစစ်ရေယာဉ်များဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများတင်ဆောင်၍ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။