မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ ၁၆

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့်  မိုးသည်းထန်စွာ ရွာသွန်းပြီး မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့၊ ဘုရားရွာအုပ်စု၊ ဘုရား ကျေးရွာရှိ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရင်ပြင်၌ မန်းချောင်းရေ မြင့် တက်မှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည် ကျဆင်းသွားချိန်တွင် တင်ကျန်ခဲ့သည့်  နုန်းမြေများ၊ သဲများ၊ အမှိုက်များအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သား၊ မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေး အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။