ဆီးဂိမ်း Arnis ပြိုင်ပွဲနောက်ဆုံးနေ့တွင် မြန်မာ Arnis အဖွဲ့ ရွှေတစ်ခု၊ ကြေးသုံးခု ထပ်မံရရှိ

ဆီးဂိမ်း Arnis ပြိုင်ပွဲနောက်ဆုံးနေ့တွင် မြန်မာ Arnis အဖွဲ့ ရွှေတစ်ခု၊ ကြေးသုံးခု ထပ်မံရရှိ

ရန်ကုန်  မေ  ၁၆

    (၃၂)ကြိမ်မြောက် ဆီးဂိမ်း Arnis ပြိုင်ပွဲနောက်ဆုံးနေ့ကို ယနေ့တွင် ကျင်းပရာ မြန်မာ Arnis အဖွဲ့ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု ထပ်မံဆွတ်ခူး ရရှိခဲ့သည်။

မြန်မာ Arnis အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသားအသင်းလိုက် စွမ်းရည်ပြ ပြိုင်ပွဲတွင် အောင်ဇော်သက်၊ မျိုးထွန်အံ့နှင့် ရဲဇော်မိုးအတွဲက ၂၉ ဒသမ ၅၀၀၀ မှတ်ဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားအတွဲက ၂၈ ဒသမ ၉၀၀၀ မှတ်ဖြင့် ငွေတံဆိပ်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်အတွဲက ၂၈ ဒသမ ၈၀၀၀ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။ ကြေးတံဆိပ်ဆုများကို အမျိုးသား တစ်ဦးချင်း စွမ်းရည်ပြပြိုင်ပွဲတွင် ထက်ဝေလှိုင်၊ အမျိုးသမီးတစ်ဦးချင်း  စွမ်းရည်ပြပြိုင်ပွဲတွင်  ခင်ခင်ခန့်နှင့် အမျိုးသမီး အသင်းလိုက် စွမ်းရည်ပြပြိုင်ပွဲတွင် လှိုင်ဖူးဝေ၊ ကေခိုင်ကျော်နှင့်ခိုင်ကျော့ကျော့ဝေအတွဲက ရယူနိုင်ခဲ့သည်။