အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော်၊ မေ - ၁၇

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ(MOCHA)တိုက်ခိုင်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် တပ်မတော်(ကြည်း၊ရေး၊လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောင်ပံ့ရေးအစ္စည်းများ၊ အမျိူသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဘီစကစ်အထုပ်ကြီး ၆၉၅ ထုပ်ကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ ပထမအကြိမ်အဖြစ် လည်းကောင်း၊ ရိက္ခာထုပ် ၄၀၀ ထုပ်ကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ရိက္ခာထုပ် ၂၅၀ ထုပ်၊ ကူညီကယ်ဆယ် ရေးပစ္စည်းများ တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေ လေဆိပ်သို့ တတိယအကြိမ်အဖြစ် လည်းကောင်း၊ ဆန် ၁၅၀ အိတ်၊ ရေသန့် ဆေးပြား ၁၉ ဖာ၊ ဆေးမျိုးစုံ ၁၆၉ ဖာတိုကို  တင်ဆောင်၍ နေပြည်တော် လေဆိပ်မှ စစ်တွေ လေဆိပ်သို့ စတုတ္ထအကြိမ်အဖြစ် လည်းကောင်း သွားရောက် ပို့ဆောင်ပေးသည်။

အလားတူ သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ကွပ်ကဲမှု အောက်ရှိ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ကူညီကယ်ဆယ်ရေးအင်အား ၄၁၈ ဦးနှင့် စားသုံးဆီများ၊ တာလပတ် လိတ်များ၊ မီးစက်အကြီး/အသေးများ၊ ရေသန့်ကတ်များ၊ ဆန်အိတ်များ၊ အိမ်ဆောက်ပစ္စည်းများ၊ Chain Saw များ၊ ရေသန့်ဘူးများ၊ ကော်ဇောလိတ်များ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ အဖွဲ့လိုက်ခွဲ၍ တပ်မတော်လေယာဉ်များ ဖြင့် ၉ ခေါက်ပို့ဆောင်ပေးခဲ့သည်။

ယနေ့တွင် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပစ္စည်းများကို တပ်မတော်မှ လေယာဉ်များဖြင့်  ပို့ဆောင်မှုမှာ နေပြည်တော်မှ စစ်တွေမြို့သို့ ၄ ကြိမ်၊ ရန်ကုန်မြို့မှစစ်တွေမြို့သို့ ၉ ကြိမ်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ဆက်လက် ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်နေမှုများကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်သည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့်  ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း  သတင်းရရှိသည်။