ဓနုဖြူမြို့နယ်၊ ဖျာပုံမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့အတွင်းရှိ လေဘေးသင့်ပြည်သူများ အား ကူညီစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ဓနုဖြူမြို့နယ်၊ ဖျာပုံမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့အတွင်းရှိ လေဘေးသင့်ပြည်သူများ အား ကူညီစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၇

          ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူ များအား အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် အဆိုပါမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ မအူပင်ခရိုင်သဘာဝဘေးအန္တရာယ် ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာတိုင်းမှူးက အားပေး စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြပြီး လေဘေးသင့် ပြည်သူများအား လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။

          အလားတူ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဖျာပုံမြို့နယ်နှင့် မော်လမြိုင် ကျွန်းမြို့များသို့ သွားရောက်၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များနှင့် စာသင်ကျောင်းများအား အမိုးသွပ်များ၊ ခေါင်အုပ် သွပ်ပြားများ၊ သစ်များနှင့် သွပ်သံများလှူဒါန်းခဲ့သည်။ ထို့နောက် နယ်မြေခံတပ်မတော် သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ သွပ်အမိုးများ လဲပေးခြင်းနှင့် သန့်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။