အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း) ဖြင့် ပို့ဆောင်

နေပြည်တော်၊ မေ - ၁၉

      အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည် နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သည့် သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တပ်မတော်(ရေ) မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆၈၅ ဦးနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရပ်သားဝန်ထမ်း ၁၀၇ ဦးတို့အား လည်းကောင်း၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ရိက္ခာအမယ်စုံ၊ အထောက်အကူ ပြုပစ္စည်းများ၊ ဆန် ၂၀၀ အိတ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုစုပေါင်း ၂၅ တန်ခန့်တို့အားလည်းကောင်း တင်ဆောင်၍ ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်-စစ်တွေခရီးစဉ်အတိုင်း ထွက်ခွာသွားကြသည်။

        အဆိုပါကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် နှင့်တာဝန်ရှိသူများက လာရောက်ပို့ဆောင်နှုတ်ဆက်ကြသည်။

     ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များအား အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံသည့် ထောက်ပံ့ ငွေကျပ်သိန်းတစ်ရာနှင့် ရေသန့်ဘူး ၂၀၀ တို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးအပ်ရာတာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။