စစ်‌တွေမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

စစ်‌တွေမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

နေပြည်တော်၊ မေ - ၂၁

          ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့ရှိ မုန်တိုင်းသင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား/ငါး/ ဟင်းသီးဟင်းရွက်ဗူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးသည်။

          ထိုသို့ ရောင်းချပေးလျက်ရှိရာ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဗူးများဖြစ်သည့် အမဲသားဗူး၊ မျှစ်စားတော်ပဲဗူး၊  ကြက်အာလူးဗူး၊ ငါးတန်အချိုပေါင်းဗူး၊ ငါးသလောက်ဗူး၊ ငါးပိကြော်ဗူး၊ ပဲထောပတ်ဗူး၊ ပဲခရမ်းဗူး၊ သရက်သီးသနပ်ဗူး စသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာ ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက တစ်ခဲနက် ဝယ်ယူခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ စာရေး အခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှု အ‌ပေါ်  တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။