တပ်မတော်ဆေးတက္ကသိုလ်၏(၁၂)ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

တပ်မတော်ဆေးတက္ကသိုလ်၏(၁၂)ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ -  ၂၁

တပ်မတော်ဆေးတက္ကသိုလ်၏(၁၂)ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်မင်းဦး၊ တပ်မတော်ဆေး တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်း၊ တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေး အဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများတက် ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူ ရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာ ခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ် အတိုင်းဆောင် ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က ပါရဂူဘွဲ့ ၇၀ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၁၃၇ ဦး၊ သွားဘက် ဆိုင်ရာဆေးပညာ မဟာသိပ္ပံဘွဲ့ ၆ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၁ ဦး၊ စုစုပေါင်း ၂၃၄ ဦးတို့အား ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်းသည်။ ထို့နောက်ပါမောက္ခချုပ်က အဝေးရောက် ဘွဲ့ယူမည့် ပါရဂူဘွဲ့ ၈ ဦး၊  ဆေးပညာမဟာသိပ္ပံဘွဲ့ ၉၀ ဦး၊  ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၇ ဦး၊ စုစုပေါင်း ၁၀၅ တို့အား ဘွဲ့ချီးမြှင့်အပ်နှင်းကာ ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အ ယောင်အမှတ်လက္ခဏာ ဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ကျောင်းအုပ်ကြီးကဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကိုရုပ် သိမ်းကြောင်းကြေညာကာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၅၉၀ ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့ အခြေခံပါရဂူဘွဲ့ ၂၄၂ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၉၂ ဦး၊ ဆေးပညာဘွဲ့လွန်ဒီပလိုမာ ၂၆၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ လက်ရှိဆေးပညာ မဟာ သိပ္ပံဘွဲ့လွန် အမှတ်စဉ် ၂၈ တွင် သင်တန်းသားအရာရှိ ၇၅ ဦး၊ အမှတ်စဉ် ၂၉ တွင် သင်တန်းသား အရာရှိ ၂၈၅ ဦး၊ အမှတ်စဉ် ၃၀ တွင် သင်တန်းသားအရာရှိ ၁၁၆ ဦး၊ အမှတ်စဉ် ၃၁ တွင် သင်တန်းသား အရာရှိ ၁၄၃ ဦး၊ စုစုပေါင်းဘွဲ့လွန်သင်တန်းသား အရာရှိ ၆၁၉ ဦး သင်တန်း တက်ရောက် နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။