မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကွတ်ခိုင်၊ စိုက်ပျိုးရေး

မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို မေ ၂၂ ရက် နံနက်ပိုင်းတွင် အမှတ်(၄)ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ကျင်းပ သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ကွတ်ခိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများကို စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်သည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ ကွတ်ခိုင်ခရိုင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အားဦးရေ ၂၅၀က ဒေသနှင့် ကိုက်ညီသည့် ယူကလစ်၊ ချယ်ရီ၊ ရေသင်းဝင်၊ သစ်လှ၊ ဆူးထင်းရှူး စုစုပေါင်းပျိုးပင် ၄၀၁ ပင်အား စိုက်ပျိုးကြကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို မြကန်သာရေကန်အနီး၌ မေ ၂၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသူများကို စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်သည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲတော်သို့ လွိုင်လင်ခရိုင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အားဦးရေ ၂၅၀ ကဒေသနှင့်ကိုက်ညီသည့် ထင်းရှူး၊ စိန်ပန်းပြာ၊ ချယ်ရီ အစရှိသည့် ပျိုးပင်ပေါင်း ၅၄၀ ကို စိုက်ပျိုးကြကြောင်း သိရသည်။

 ကျော်ဇောဦး(မောရှမ်းမြေ)