ဒေသခံများအား သောက်သုံးရေဂါလန် ၁၆၀၀ လှူဒါန်း

ဒေသခံများအား သောက်သုံးရေဂါလန် ၁၆၀၀ လှူဒါန်း

ညောင်ဦး၊ လူမှုရေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရွာသစ်တောင်ကျေးရွာရှိ ဒေသခံများအားဝေမျှခြင်း ပရဟတိ မိသားစုက မေ ၂၄ ရက်နနံက်ပိုင်းတွင် သောက်သုံးရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်း ပေးကြောင်း ညောင်ဦး မြို့နယ်အေးမေတ္တာ ရေအလှူတော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံမှ သိရသည်။

ထိုသို့ သောက်သုံးရေလှူဒါန်းရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတို့သို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းက သွားရောက် လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာသို့ ဝေမျှခြင်း မိသားစုက သောက်သုံးရေဂါလန် ၁၆၀၀ သွားရောက် လှူဒါန်းကြောင်း သိရသည်။

ဒီပါလင်