၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

တစ်နိုင်ငံလုံးကျောင်းအတိုင်းအတာအနေနဲ့ ဇွန်လ ၁ ရက်နေ့ကစပြီး ကျောင်း ဖွင့်လှစ်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ကျွန်တော်တို့က ဇွန်လ ၁ ရက်နေ့မှာဖွင့်လှစ်နိုင်တဲ့ကျောင်းနဲ့ ဇွန်လ တတိယပတ်မှာ ဖွင့်လှစ်နိုင်တဲ့ ကျောင်းတွေဆိုပြီး အုပ်စုနှစ်စုခွဲထားပြီး ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ မြို့နယ် ၁၇ မြို့နယ်ရှိတယ်။ အထက်တန်းအဆင့်သင်တဲ့ကျောင်း ၄၈၇ ကျောင်း၊ အလယ်တန်းအဆင့်၊ အလက၊ အလက(ခွဲ)၊ မူလွန် ကျောင်းပေါင်း စုစုပေါင်း ၁၁၇၁ ကျောင်းရှိပါတယ်။ မူလတန်းအဆင့်သင်တဲ့ ကျောင်းက ၁၅၃၅ ကျောင်းရှိပါတယ်။ ကျောင်းပေါင်း ၃၁၉၃ ကျောင်းရှိပါတယ်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ကျောင်းများပျက်စီးခဲ့တာရှိတယ်။  ကျောင်းအဆောက် အအုံ ပျက်စီးခဲ့တာရှိတယ်။  အဲ့ဒီထဲမှာမှ ဇွန်လ ၁ ရက်နေ့မှာ ကျောင်းပေါင်း ၂၄၁၀ ကျောင်းကို ကျွန်တော်တို့ အချိန်မီ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းများအားလုံး  ၇၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့မှာ အချိန်မီဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ကျောင်းတွေကိုတော့ ဇွန်လတတိယပတ်မှာ  ဖွင့်လှစ်မှာဖြစ်ပါတယ်။

ကျောင်းများအားလုံး  ဇွန်လတတိယပတ်မှာ ၁၀၀ ရာခိုင်နှုန်း ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်။ ဒီမုန်တိုင်း ဒဏ်ကြောင့် ကျောင်းများပျက်စီးမှုမှာ   ပြန်ပြင်ရတဲ့ ပမာဏကကြီးမားပါတယ်။  သို့သော်  ကျွန်တော်တို့ က ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊   ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ရော နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပါ ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာ စစ်တွေဆိုရင် အထက ကျောင်းပေါင်း ၁၇ ကျောင်းရှိပါတယ်။ အဲ့ဒီမှာ  ကျွန်တော်တို့ ပြန်လည်ပြင်ဆင် နေရတာတွေရှိတယ်။ ပြန်လည်ပြင်ဆင်မှုရာခိုင်နှုန်းက ဒီနေ့အထိ ၆၀ ရာခိုင်နှုန်းလုပ်ပြီးပြီ။ သန့်ရှင်းရေး အားလုံးလုပ်ပြီးပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ကျောင်းများကို ကျန်တဲ့ပြည်နယ်နဲ့တိုင်းများလိုပဲ   အချိန်မီ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ အချိန်မီကျောင်းတက်နိုင်ရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းများ ဆက်တိုက်အင်တိုက်အားတိုက်ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့   ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်ပေးနေတဲ့အပြင် ကျောင်းများအချိန်မီ တက်ရောက်နိုင်ရေး၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ အချိန်မီရရှိနိုင်ရေး၊ ကျောင်းအပ်နှံမှုများ အဆင်ပြေချောမွေ့စေရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အလေးထားဆောင်ရွက်လျက်ရှိပါတယ်။              

  (၅၀၀)