ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော်  မေ  ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P Bandara ကို ယနေ့နံနက် ၁၁ နာရီခွဲတွင်  နေပြည်တော် ရုံးအမှတ် (၁၀) ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် BIMSTEC အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အားလျော်စွာ BIMSTEC Cyber Security ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်း ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သတင်းဖလှယ်၍ ဆောင်ရွက်သွားမည့် ကိစ္စရပ် များနှင့် နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်အောင်အောင်၊ မှုခင်းနှင့်ဥပဒေရေးရာ ဌာနကြီး ဌာနကြီးမှူး ရဲမှူးချုပ်ကျော်လင်းနှင့် နိုင်ငံဖြတ်ကျော်မှုခင်း ဌာနကြီး ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်တို့ တက်ရောက်ခဲ့ကြသည်။ 

(သတင်းစဉ်)