လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

နေပြည်တော် မေ ၂၆

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ၃၄ စီးနှင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော LINCHR အမျိုးအစား လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW အစုံ ၄၀ တို့သည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့်   အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

(သတင်းစဉ်)