ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ဆေးထိုးအပ်တစ်သန်း လွှဲပြောင်းလက်ခံပွဲအခမ်းအနားကျင်းပ

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ဆေးထိုးအပ်တစ်သန်း လွှဲပြောင်းလက်ခံပွဲအခမ်းအနားကျင်းပ

နေပြည်တော်  မေ  ၂၆

ကမ္ဘောဒီးယားနိုင်ငံမှ   မြန်မာနိုင်ငံသို့ လှူဒါန်းသည့်   Sinovac  အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့်    ကာကွယ်ဆေးထိုးအပ် တစ်သန်းတို့သည် ယနေ့နံနက် ၇ နာရီခွဲ တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ခရီးစဉ်အမှတ် KR3763 အထူး လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ   ကျန်းမာရေး ဝန်ကြီးဌာန   Permanent Secretary of State H.E. Dr. Youk Sambath  တို့ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအားရှေးရှု၍ လှူဒါန်းသော Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ကာကွယ်ဆေးထိုးအပ် တစ်သန်းတို့အား ကမ္ဘောဒီးယား နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန Permanent Secretary of State H.E. Dr. Youk Sambath က လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် ဂုဏ်ပြုလွှာပြန်လည်ပေးအပ်သည်။  ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် သံရုံး ဝန်ထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ယခင်နှစ်များကလည်း ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆေးနှင့်ဆေးပစ္စည်းများ၊ လှူဒါန်းငွေများကို  ပေးပို့လှူဒါန်းခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)