မန်ယူအသင်းတွင် ဗန်ပါစီနောက်ပိုင်း တစ်ရာသီအတွင်း သွင်းဂိုး ၃၀ နှင့်အထက် သွင်းယူနိုင်သည့် ကစားသမားအဖြစ် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် မှတ်တမ်းဝင်

မန်ယူအသင်းတွင် ဗန်ပါစီနောက်ပိုင်း တစ်ရာသီအတွင်း သွင်းဂိုး ၃၀ နှင့်အထက် သွင်းယူနိုင်သည့် ကစားသမားအဖြစ် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် မှတ်တမ်းဝင်

    မန်ယူအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သည် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ကစားသည့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် မန်ယူအသင်းတွင် တိုက်စစ်မှူး ဗန်ပါစီနောက်ပိုင်း တစ်ရာသီအတွင်း သွင်းဂိုး ၃၀ နှင့်အထက် သွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် မန်ယူအသင်းက အိမ်ကွင်း၌ ချယ်လ်ဆီးအသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သကဲ့သို့ ရက်ရှ်ဖို့ဒ်သည်လည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် မှတ်တမ်းကောင်း တစ်ရပ်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ဒဏ်ရာပြဿနာများကြောင့်  ပုံမှန်ခြေစွမ်းပြနိုင်ခြင်းမရှိသည့်  ရက်ရှ်ဖို့ဒ် သည်  ယခုဘောလုံးရာသီ   နည်းပြတန်ဟတ်လက်အောက်တွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပြီး   ၂၀၂၂    ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသင်းမှ စီရော်နယ်ဒိုထွက်ခွာပြီးနောက် အသင်းတိုက်စစ်ပိုင်းကို  အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းတွင် တစ်ရာသီအတွင်း သွင်းဂိုး ၃၀ နှင့်အထက်သွင်းယူနိုင်သည့်    နောက်ဆုံးကစား သမားအဖြစ် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက ဗန်ပါစီက သွင်းဂိုး ၃၀ အထိသွင်းယူနိုင်ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာ မန်ယူအသင်းတွင် တစ်ရာသီအတွင်း သွင်းဂိုး ၃၀ နှင့်အထက် သွင်းယူနိုင်ခဲ့သည့် ကစားသမားတစ်ဦးမျှမရှိဘဲ ယခုအခါ ရက်ရှ်ဖို့ဒ်က ဗန်ပါစီ၏စံချိန်ကောင်းတစ်ခုကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၄ ပွဲကစားထားပြီး သွင်းဂိုး ၃၀ ပြည့်မြောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။