မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ ကျင်းပ

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ ကျင်းပ

ရန်ကုန်  မေ  ၂၈

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ကကြီးကြပ်၍ ANS Fight 2 ကကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ တွဲဆိုင်းကိုးဆိုင်း ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲ  သုံးချီစိန်ခေါ်ပွဲတွင် ကျော်ကျော်မိုး(M2K)နှင့်   စောဂပေဖိုး(ရိုးရာကျား)တို့   ယှဉ်ပြိုင် ထိုးသတ်ကြရာ ပူးတွဲသရေကျခဲ့သည်။

လေးချီစိန်ခေါ်ပွဲများ၌  အောင်လေး(ရိုးရာကျား)နှင့်ရဲကျော်ဦး (Ray)၊ရဲလင်းဦး(Smart Fidgt)နှင့် ပိုင်သက်အောင်(ကညောသွီ)သရေကျ၊ စောရှော်လမုန်(ရိုးရာကျား)နှင့် ခေတ်သစ်စိန် (Python MMA)တို့ သူတင်ကိုယ်တင် ထိုးကြသော်လည်း   အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့ပြီး ဆလိုင်းထန်ခွီးရှိန်(ဇွဲမြန်မာ)၏ လက်သီးတွဲလုံးများကြောင့်  သီဟ(ရိုးရာကျား)ပထမအချီမှ တတိယအချီ အနားတောင်း၊ အမှတ်စဉ် ရေတွက်ခံရပြီး   သီဟအရှုံးပေးလိုက်ရသည်။ 

အောင်ဘိုထွန်း(ရိုးရာကျား) ခြေကန်ချက်ကြောင့် တတိယအချီ၌အောင်ပြည့်စုံ(တော်ဝင်ဧရာ)ကို  အလဲထိုး အနိုင်ရရှိသွားသည်။

ဟံသာဝတီ  (Lethwei Warrior)နှင့်ကိုကို(PL Phone La Pyae)တို့ပြိုင်ပွဲတွင် ဟံသာဝတီ ဒူးတိုက်ချက်ကြောင့် ပထမအချီ၌ ကိုကို  အနားတောင်းပြီး  ဒုတိယအချီနှင့်  တတိယအချီတွင် ဟံသာဝတီလက်သီး၊ ဒူးတိုက်ချက် များကြောင့် ကိုကိုကို အလဲထိုးအနိုင်ရရှိသွားသည်။

ထို့နောက်   ငါးချီစိန်ခေါ်ပွဲများတွင် ကျားပေါက်(တန် ၉၀၀ စက်ရုံ)နှင့် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)တို့ ပြိုင်ပွဲတွင် ငါးချီပြည့်ခဲ့သော်လည်း အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့သည်။

နောက်တစ်ပွဲဖြစ်သည့် ကျော်စွာဝင်း(M2K)နှင့် ယှူးခလိန်းမင်း(တန် ၉၀၀ စက်ရုံ)တို့ပြိုင်ပွဲတွင် နှစ်ဦးစလုံး ထိုးကွင်း၊ ထိုးကွက်၊သတ်လုံး၊    သတ်ကွင်းပညာအကုန်သုံး ထိုးသတ်ခဲ့ကြသော်လည်း   ပူးတွဲသရေဖြစ်ခဲ့သည်။ ပြိုင်ပွဲများအပြီး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ အကောင်းဆုံးတွဲဆိုင်းဆုရရဲလင်းဦး(Smart Flight)နှင့် ပိုင်သက်အောင် (ကညောသွီ)၊   လက်ဝှေ့ရေးသမားဆုရဟံသာဝတီ(Lethwei Warrior)တို့အား ဆုများ ချီးမြှင့် ခဲ့ကြသည်။       

                                 ဝန်းရံခ