မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲ ဆက်လက်ကျင်းပ

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲ ဆက်လက်ကျင်းပ

နေပြည်တော်  မေ  ၂၈

    မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် လေးရက်ကြာကျင်းပရာ ယနေ့တွင် ကုန်စည်ပြပွဲ နောက်ဆုံးနေ့အဖြစ် ပြခန်းများကို ဆက်လက် ခင်းကျင်းပြသသည်။ 

အဆိုပါကုန်စည်ပြပွဲ၌ လာရောက်ပြသကြသည့် နှစ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ/ကုမ္ပဏီများအကြား ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ နားလည်မှုစာချွန်လွှာနှင့် ကုန်သွယ်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းတို့ကိုလည်း နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။

ယနေ့ မွန်းလွဲပိုင်းတွင် AJ Myanmar  Co.ç Ltd.နှင့်  Shenyang  Tianfeng Bio-Pharm Co.ç Ltd.  တို့အကြား ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်းကောင်း၊ Yoma  Bank  Limited ၊  Fully Light Group of  Companies နှင့် Kokang Ethnic Entrepreneurs Association Incorporated (KKEEA) တို့အကြား ဘဏ်ငွေပေးချေမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ ဝန်ကြီး ဌာနများမှ  အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများနှင့်  အများပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြရာ စည်ကား လျက် ရှိကြောင်း သိရသည်။