(၁၂)ကြိမ်မြောက်အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာ

(၁၂)ကြိမ်မြောက်အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာ

     ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ကျင်းပမည့်(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအား ကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအသင်းသည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာသိပ္ပံမှ ကျောင်းသား၊ ကျောင်သူ အင်အား ၂၀၀ ဦးက ပို့ဆောင်နှုတ်ဆက်ကြသည်။

     ထို့နောက် အားကစားနည်းများ အောင်နိုင်ရေး အတွက် Modem Marine Power Co.Ltd Car Sales Center နှင့် Mn & Sons Tranding Co.Ltd တို့မှ အလှူရှင်များက အလှူငွေများပေးအပ်ရာ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့၊ ဥက္ကဋ္ဌကလက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

     အဆိုပါ အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် အားကစားနည်း(၁၄)မျိုး အနက်မှပါဝင်သော ကစားနည်း(၈)မျိုးဖြစ်သည့် ရေကူး၊ ပြေးခုန်ပစ်၊ မသန်စွမ်းဘောလုံး၊ မသန်စွမ်းဘောလီဘော၊ ဂိုးလ်ဘော၊ အလေးမ၊ စားပွဲတင်တင်းနစ်နှင့် မျက်မမြင်စစ်တုရင် ကစားနည်းတို့အား မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအသင်းမှ ပါ၀င်ယှည်ပြိုင်မည်ဖြစ်သည်။

      အဆိုပါ အားကစားပြိုင်ပွဲများတွင် ရေကူးအားကစားနည်းတွင် ကျား ၁၀ ဦး၊ ပြေးခုန်ပစ် အားကစားနည်းတွင် ကျား/မ ၂၅ ဦး၊ အလေးမ အားကစားနည်းတွင် ကျား/မ ၇ ဦး၊ မသန်စွမ်း ဘောလီဘော အားကစားနည်းတွင် ကျား ၁၂ ဦး၊ ဂိုးလ်ဘော အားကစားနည်းတွင် ကျား ၆ ဦး၊ စစ်တုရင်မျက်မမြင် အားကစားနည်းတွင် ကျား ၆ ဦး၊စားပွဲတင်တင်းနစ် အားကစားနည်းတွင် ကျား ၂ ဦး၊ မသန်စွမ်းဘောလုံး အားကစားနည်းတွင် ကျား ၁၄ ဦး စုစုပေါင်း ၈၂ ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။