သူနာပြုသားဖွားဒီပလိုမာသင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကျင်းပ

သူနာပြုသားဖွားဒီပလိုမာသင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကျင်းပ

ပြည်၊ လူမှုရေး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း မြတ်ပညာခန်းမ၌ မေ ၃၀ ရက်တွင်  အပတ်စဉ်(၂၈)သူနာပြု သားဖွားဒီပလိုမာ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားနှင့် အပတ်စဉ်(၂၉) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်မြို့သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးနှင့် တာဝန်ရှိသူတို့က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပံ့ပိုးငွေကျပ်သိန်း ၃၀ ပေးအပ်ကြောင်း သိရသည်။                 

(၄၀၁)