SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကြီး ပထမနေ့ ကွာတားဖိုင်နယ်ပွဲစဉ်များ ကျင်းပ

SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကြီး ပထမနေ့ ကွာတားဖိုင်နယ်ပွဲစဉ်များ ကျင်းပ

ရန်ကုန်  ဇွန်  ၃

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အားကစားကို နိုင်ငံတကာအဆင့်ထိ ထိုးဖောက်နိုင်စေရန် မြန်မာနိုင်ငံ  ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ရွှေသံလွင်မီဒီယာက စီစဉ်ကျင်းပသည့် SKY NET ရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီး ပထမနေ့ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။  ပြိုင်ပွဲပုံစံ၌     ရွှေအောင်လံပွဲစဉ် ဖြစ်သည့်အတွက် အလဲထိုး၊ ဒိုင်ပွဲရပ်နှင့်အမှတ်ပေးနည်းစနစ်ကို ကျင့်သုံးခဲ့သည်။

အဆိုပါပြိုင်ပွဲ ကွာတားဖိုင်နယ်၌ ၆၀ ကီလိုတန်းပြိုင်ပွဲများတွင် စောနိုင်လင်း(ဒို့ရိုးရာ)နှင့် စောမူထော်ဂေး (YMA)ပြိုင်ပွဲတွင် ပထမအချီ၌  စောမူထော်ဂေး၏ ခေါင်းတိုက်ချက်ကြောင့်   စောလင်းနိုင် အမှတ်စဉ်ရေတွက်ခံရသည်။

ဒုတိယအချီမှ ပဉ္စမအချီအထိ သူတင်ကိုယ်တင်ထိုးကြသော်လည်း ဒိုင်လေးဦးရှိ အနိုင်ပေးလိုက်သည်။

နောက်တစ်ပွဲဖြစ်သည့် လုံးတူရွယ်တူဖြစ်ကြသော  အောင်ကျော်ကျော် (ဘိလပ်မြေစက်ရုံ)နှင့် ကျောက်ခဲ(ရာမညအားမာန်)ပြိုင်ပွဲမှာလည်း ကျောက်ခဲ၏ လက်သီးတွဲလုံးကြောင့်  စတုတ္ထအချီတွင် အောင်ကျော်ကျော်ကို  အလဲထိုး အနိုင်ရရှိသွားသည်။

၆၃.၅ ကီလိုတန်းပြိုင်ပွဲများ၌  ဗျဂ္ဃ(ကျားဖြူ)၏ထိုးလုံးထိုးကွက်ကြောင့် ပထမနှင့်ဒုတိယအချီတွင် မိုက်မိုက်(တော်ဝင်ဧရာ)၊ အမှတ်စဉ်ရေတွက်ခံရကာ ဆက်လက်မယှဉ်ပြိုင်၍  ဗျဂ္ဃအလဲထိုးအနိုင်ရသွားသည်။

စိန်လုံးချော(အောင်နိုင်သူ)နှင့်ရန်တိုင်းကျော်(လင်းယုန်)ပြိုင်ပွဲတွင် စိန်လုံးချော၏ လက်သီးတွဲလုံးများကြောင့် ရန်တိုင်းကျော်ကို   ဒုတိယအချီတွင်  အလဲထိုးနိုင်ခဲ့သည်။

၆၇  ကီလိုတန်းများတွင် ကညေားခွား(ဘိလပ်မြေစက်ရုံ)၏ ခြေကန်ချက်ကြောင့် ပထမအချီတွင် စောသာဂိ(ရန်စစ်ငြိမ်း)အနားရခဲ့သည်။

ကညေားခွားလက်သီးထိုးချက်ကြောင့် ဒုတိယအချီတွင် စောသာဂိကို အလဲထိုးအနိုင်ရရှိသွားသည်။

အဖိုးသွေး(အဖြူရောင်သွေးသစ်)နှင့် လမ်းမယူ(ရာမညအားမာန်)ပြိုင်ပွဲတွင် အဖိုးသွေး၏ဒူးတိုက်ချက်ကြောင့်  လမ်းမယူပြန်မထနိုင်၍ အရှုံးပေးလိုက်ရသည်။

ဆီမီးဖိုင်နယ် ၅၇ ကီလိုတန်းတွင် လှိုင်းထက်အောင်(ရွှေကုက္ကို)၏ ခြေကန်ချက်ကြောင့် ဒုတိယအချီတွင် အောင်ထက်ဟိန်း(ဇွဲကပင်မြေ)အနားတောင်းပြီး လှိုင်းထက်အောင်ကို အနိုင်ရရှိသည်။

အဆိုပါပြိုင်ပွဲတွင် ၆၀ ကီလိုတန်းတွင် စောမူထော်ဂေး(YMA)၊ကျောက်ခဲ(ရာမညအားမာန်)၊ ၆၃.၅ ကီလိုတန်းတွင် ဗျဂ္ဃ(ကျားဖြူ)၊ စိန်လုံးချော(အောင်နိုင်သူ)၊ ၆၇ကီလိုတန်းတွင် ကညေားခွား(ဘိလပ်မြေစက်ရုံ)၊ အဖိုးသွေး(အဖြူရောင်သွေးသစ်)တို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီး ၅၇ကီလိုတန်းတွင် လှိုင်းထက်အောင် (ရွှေကုက္ကို)ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

 ယင်းပြိုင်ပွဲဒုတိယနေ့ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇွန် ၄ ရက်မွန်းလွဲ ၂ နာရီတွင် SKYNET Sports-4? SKYNET Sports-HD၊ Channel-9HD၊ ရုပ်သံလိုင်းတို့တွင် တိုက်ရိုက်ပြသသွားမည်ဖြစ်ပြီး ရုံဝင်ကြေးအဖြစ် ငွေကျပ် ၅၀၀၀၊ ၁၀၀၀၀၊ ၁၅၀၀၀ သတ်မှတ်ထားကြောင်း  သိရသည်။    

ဝန်းရံခ