ဘိုင်ယန်မြူးနစ် အသင်းက နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ်ကစားသမား မာနေး ဆာနေးနှင့် ဂါနာဘရီတို့ကို ရောင်းချရန်ပြင်ဆင်

ဘိုင်ယန်မြူးနစ် အသင်းက နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ်ကစားသမား မာနေး ဆာနေးနှင့် ဂါနာဘရီတို့ကို ရောင်းချရန်ပြင်ဆင်

ဘိုင်ယန်မြူးနစ်အသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ် ကစားသမားများဖြစ်သည့်   မာနေး၊  ဆာနေးနှင့်  ဂါနာဘရီတို့ကို     ရောင်းချရန်ပြင်ဆင်နေကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းက  ယခုဘောလုံးရာသီတွင် မာနေးနှင့်ဆာနေးတို့  ခိုက်ရန်ဖြစ်ပွားပြီးနောက်   မာနေးက     ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက်  ယခုဘောလုံးရာသီအကုန်တွင်  မာနေးကို ရောင်းချမည်ဟု  အစောပိုင်း ကတည်းက ကြေညာခဲ့ခြင်း ဖြစ်သည်။

မာနေးသည်  လီဗာပူးအသင်းတွင်ကစားစဉ်က ခြေစွမ်းပြနိုင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်း သို့   ပြောင်းရွှေ့ ကစားပြီးနောက်  ဒဏ်ရာပြဿနာများကြောင့် ပုံမှန်ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသည့် အပြင် အသင်းဖော် ဆာနေးနှင့်ပါ  ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် ဘိုင်ယန်မြူးနစ် အသင်းက တစ်ရာသီအကြာတွင် ပြန်လည်ရောင်းချရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုဘောလုံးရာသီတွင် လီဝန်ဒေါစကီး ထွက်ခွာပြီးနောက် အသင်းတိုက်စစ် ပိုင်းစွမ်းဆောင်ရည်များ သိသိသာသာ ကျဆင်းခဲ့သည့်အတွက် တိုက်စစ်ပိုင်းကို အပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေကာ  မာနေး၊  ဆာနေးနှင့် ဂါနာဘရီတို့ကို ရောင်းချပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ဦးနှင့်အစား ထိုးလို နေခြင်း ဖြစ်သည်။  လက်ရှိတွင်  ဂျူဗင်တပ်စ်အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် တိုက်စစ် မှူးဗလာဟိုဗစ်ချ်ကို    ခေါ်ယူရန ်စီစဉ်နေကြောင်း သိရသည်။                  

Ref;Bild