ဥရောပဘောလုံးအဖွဲ့ချုပ်က ကွင်းလယ်ဒိုင်လူကြီးတေလာကို ဝေဖန်ခဲ့သည့် နည်းပြမော်ရင်ဟိုအား  အရေးယူမှု ပြုလုပ်ရန်စွဲချက်တင်

ဥရောပဘောလုံးအဖွဲ့ချုပ်က ကွင်းလယ်ဒိုင်လူကြီးတေလာကို ဝေဖန်ခဲ့သည့် နည်းပြမော်ရင်ဟိုအား  အရေးယူမှု ပြုလုပ်ရန်စွဲချက်တင်

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က ယူရိုပါလိဂ်ပြိုင်ပွဲ  ဗိုလ်လုပွဲအဖြစ်  ရိုးမားအသင်းနှင့်   ဆီဗီလာအသင်းတို့ ကစားသည့်ပွဲစဉ်တွင် ကွင်းလယ် ဒိုင်လူကြီးတေလာ၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဝေဖန်မှုများ  ပြုလုပ်ခဲ့သည့် နည်းပြမော်ရင်ဟိုအား အရေးယူမှုပြုလုပ်ရန် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင်  ရိုးမားအသင်းက ဦးဆောင်ဂိုး သွင်းယူနိုင်သော်လည်း  ပွဲပြီးဆုံးချိန်တွင်  တစ်ဂိုးစီ သရေရလဒ်ကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာ ဆီဗီလာအသင်းက အနိုင်ရရှိသည့်အတွက်  ရိုးမား အသင်းအနေဖြင့်   ဒုတိယဆုဖြင့်သာ  ကျေနပ်ခဲ့ရသည်။

အဆိုပါပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးတေလာ၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး ပွဲချိန်အတွင်း နည်းပြ မော်ရင်ဟိုက   ပြင်းပြင်းထန်ထန်ဝေဖန်မှုများပြုလုပ် ခဲ့သည့်အတွက် ပွဲချိန် မိနစ် ၁၂၀ တွင် ကွင်းလယ်ဒိုင် လူကြီးတေလာက နည်းပြမော်ရင်ဟိုအား အဝါကတ်ပြ သတိပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နည်းပြမော်ရင်ဟိုသည် ပွဲစဉ်အပြီးအင်တာဗျူးတွင်   ကွင်းလယ်ဒိုင်လူကြီးတေလာကို    ဝေဖန် မှုများ ပြုလုပ်ခဲ့ပြီး  ကားပါကင်အတွင်း၌လည်း  ကွင်းလယ်ဒိုင်လူကြီး တေလာကို ဝေဖန်မှုများထပ်မံပြုလုပ် ခဲ့သည့် အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်ခဲ့ပြီး မကြာမီစစ်ဆေးမှုများပြုလုပ်မည်ဖြစ် ကြောင်း    သိရသည်။                     

Ref;B/R Football