အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ရွှေနှစ်ခု၊ ငွေလေးခုနှင့် ကြေးတစ်ခု စတင် ဆွတ်ခူး

အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ရွှေနှစ်ခု၊ ငွေလေးခုနှင့် ကြေးတစ်ခု စတင် ဆွတ်ခူး

ရန်ကုန်   ဇွန်   ၄

ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ် ၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပလျက်ရှိသည့်  (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် မြန်မာအားကစား အဖွဲ့အတွက် ဆုတံဆိပ်များကို ယနေ့ယှဉ်ပြိုင်သည့်  ပြေးခုန်ပစ်နှင့်  ရေကူးအားကစားပြိုင်ပွဲများမှ ရွှေနှစ်ခု၊ ငွေလေးခုနှင့် ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပြေးခုန်ပစ်ပြိုင်ပွဲ၊ သံလုံးပစ်(F55)ပြိုင်ပွဲ တွင် ထက်ထက်အေးက ရွှေတံဆိပ်၊ သံလုံးပစ်(F63-64)တွင် မစိန်ဖော့က ရွှေတံဆိပ်၊  အလျားခုန်(T42-44)တွင် ဝေေ၀သင်းက  ငွေတံဆိပ်၊ အလျားခုန်(T64)တွင် လော်လာ  ဝင်းက ငွေတံဆိပ်ရရှိခဲ့သည်။

ထို့အတူ ရေကူးပြိုင်ပွဲ မီတာ ၄၀၀ အလွတ်ကူး(S6)တွင် အောင်မြင့်မြတ်က ငွေတံဆိပ်၊ မီတာ ၁၀၀ နောက်ပြန်ကူး (SB7)တွင် မင်းထူးက ငွေတံဆိပ်၊ မီတာ ၅၀ နောက်ပြန်ကူး(S5)တွင် ကြေးတံဆိပ် များ ရရှိခဲ့သည်။

GOALBALL ပြိုင်ပွဲတွင် မြန်မာ အသင်းသည် အုပ်စု(အေ)၌ပါဝင်ပြီး အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို  ကစားသမား မျိုးမင်းဦး၊ လင်းလင်းထက်၊  ဇော်ရဲနိုင်၊ အောင်စိုးပြည့်၊ ဟန်ပိုင်စိုး၊ ချစ်မင်းဝေတို့ ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။            

ဝန်းရံခ