ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ အန္တိမဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားအား တိုက်ရိုက်(Live)ထုတ်လွှင့်သွားမည်

နေပြည်တော် ဇွန်  ၄

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော် ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊  အဘိဓဇ မဟာရဋ္ဌဂုရု၊  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ အန္တိမဈာပန သာဓုကီဠနပူဇာ သဘင်အခမ်းအနားအား ဇွန် ၆ ရက် (ယနေ့) မွန်းလွဲ ၂ နာရီမှစတင်၍ လည်းကောင်း၊  သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်သဘင်အခမ်းအနားအား ဇွန် ၇ ရက် နံနက် ၅ နာရီ မိနစ် ၃၀ မှစတင်၍လည်းကောင်း MRTV HD Channel၊ MRTV Farmers'Channel၊ MRTV Parliament Channel၊  MWD HD Channel၊ MWD Variety HD Channel၊ မဟာဗောဓိရုပ်သံလိုင်းနှင့် Buddha Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။