ချက်သမ္မတနိုင်ငံတွင် ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ကားတစ်စီးတိုက်မိ၊ အနည်းဆုံးလူ ၁၀ ဦးဒဏ်ရာရ

ချက်သမ္မတနိုင်ငံတွင် ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ကားတစ်စီးတိုက်မိ၊ အနည်းဆုံးလူ ၁၀ ဦးဒဏ်ရာရ

ချက်သမ္မတနိုင်ငံတွင် ဇွန် ၅ ရက်က ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင် ကားတစ်စီးတိုက်မိခဲ့ရာ အနည်းဆုံးလူ ၁၀ ဦးဒဏ်ရာရရှိသွားကြောင်း ကယ်ဆယ်ရေး အဖွဲ့ကထုတ်ပြန်သည်။

အဆိုပါ မတော်တဆမှုသည်    နိုင်ငံတောင်ပိုင်းရှိ ဟိုးဆော့မြို့တွင် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး ခရီးသည်တင်ရထားပေါ်တွင် ခရီးသည်  ၅၀  ခန့်လိုက်ပါလာကြောင်း၊ ယင်းရထားသည် မတော်တဆမှုဖြစ်ပွားပြီးနောက် တွဲအချို့မှာလမ်းချော်သွားခဲ့ကြောင်းမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။ မတော်တဆမှုဖြစ်ပွားပြီးနောက်တွင် ကုန်တင်ကားမှ စက်သုံးဆီများ ယိုဖိတ်လာသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက ထပ်မံယိုဖိတ်ခြင်း မရှိစေရန် ဆောင်ရွက်ခဲ့ရကြောင်း၊ ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံများသို့   ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။                           

Ref: ecz