ဂျပန်ကမ်းရိုးတန်း တစ်လျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသုံးဦးသေဆုံးပြီး လူနေအိမ် ၉၉၀ လုံးပျက်စီး

ဂျပန်ကမ်းရိုးတန်း တစ်လျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသုံးဦးသေဆုံးပြီး လူနေအိမ် ၉၉၀ လုံးပျက်စီး

ဂျပန်နိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လူသုံးဦးသေဆုံးပြီး လူနေအိမ် ၉၉၀ လုံး ပျက်စီးသွားကြောင်း ဒေသတွင်းမီဒီယာ တစ်ခုက  ဇွန်  ၅  ရက်တွင်  ထုတ်ပြန်သည်။

နိုင်ငံအလယ်ပိုင်း အိုင်ချိနှင့် ရှီဇိုအိုကာ စီရင်စုများတွင် မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ကျိုဒိုသတင်းအေဂျင်စီက ဖော်ပြသည်။ သေဆုံးသူများအနက် တစ်ဦးမှာ အီဝါတာမြို့မှ အသက် ၇၄ နှစ်အရွယ် အမျိုးသား သက်ကြီးရွယ်အိုတစ်ဦး ဖြစ်ပြီး  ၎င်းမှာ ပျောက်ဆုံးနေရာမှ ဇွန်  ၅  ရက်တွင် သေဆုံးကြောင်းကို အတည်ပြုနိုင်ခြင်း ဖြစ်ကြောင်းဒေသတွင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိုင်ချိ စီရင်စုအတွင်းမှာပင် ရေနစ်မြုပ်ခဲ့ရသည့် နေအိမ်အရေအတွက်မှာ ၂၇၃ လုံးနှင့် ရှီဇိုအိုကာစီရင်စုတွင်   ၇၁၇   လုံးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

Ref: TJT