အသုံးပြုမှုမြင့်တက်လာခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ ထပ်မံဖြစ်ပွားလာနိုင်ဟု ဘင်္ဂလားဒေ့ရှ်ပြော

အသုံးပြုမှုမြင့်တက်လာခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ ထပ်မံဖြစ်ပွားလာနိုင်ဟု ဘင်္ဂလားဒေ့ရှ်ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း၌ လျှပ်စစ်မီး အသုံးပြုမှုမြင့်တက်လာခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ   ထပ်မံဖြစ်ပွားလာနိုင်ကြောင်း  လျှပ်စစ်၊  စွမ်းအင်နှင့်သတ္တုတွင်းထွက်  အရင်းအမြစ်ဆိုင်ရာ ဝန်ကြီး နက်စ်ရူလ် ဟာမစ်ကပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်  လျှပ်စစ်မီးအသုံးပြုမှုသည် ဇွန် ၄ ရက်တွင် အမြင့် ဆုံးအခြေအနေ အထိ ရောက်ရှိလာခဲ့ပြီး လျှပ်စစ်မီးလိုအပ်ချက်မှာ  သာမန်ထက် ၁၈  ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံအတွင်း၌ အပူချိန်ပိုမိုမြင့်တက်လာခြင်း ကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများသည် လာမည့်    ရက်သတ္တနှစ်ပတ်အတွင်း ဆက်လက်ဖြစ်ပွားနေမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် စက်ရုံတစ်ရုံအား ယခုလနောက်ဆုံး အပတ်တွင် ပြန်လည် လည်ပတ်ရန်  ကြိုးပမ်းလျက် ရှိကြောင်း အရာရှိတစ်ဦးကပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် အပူချိန်သည် ဇွန် ၃ ရက်၌ ၃၂ ဒီဂရီသာ ရှိခဲ့ရာမှ ဇွန် ၄ ရက်တွင် ၃၈ ဒီဂရီအထိ မြင့်တက်လာပြီး အပူလှိုင်းဖြတ်သန်းမှုသည် နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း အစိုးရက သတိပေးထားသည်။

Ref: ST