နှစ်နိုင်ငံကြားပြင်းထန်သည့် ပဋိပက္ခတစ်ရပ်ဖြစ်ပွားမည် ဆိုပါက မခံမရပ်ဖြစ်နိုင်လောက်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေမည်ဟု တရုတ်က အမေရိကန်အား သတိပေး

နှစ်နိုင်ငံကြားပြင်းထန်သည့် ပဋိပက္ခတစ်ရပ်ဖြစ်ပွားမည် ဆိုပါက မခံမရပ်ဖြစ်နိုင်လောက်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေမည်ဟု တရုတ်က အမေရိကန်အား သတိပေး

တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးသည် ကျဆင်းလျက်ရှိပြီး နှစ်နိုင်ငံကြား ပြင်းထန်သည့် ပဋိပက္ခတစ်ရပ်ဖြစ်ပွားမည် ဆိုပါက ကမ္ဘာ့နိုင်ငံများက မခံမရပ်ဖြစ်နိုင်လောက်သည့် အန္တရာယ်ကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း  တရုတ်ကာကွယ်ရေး ဝန်ကြီး လီရှန်းဖူက စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ရှန်ဂရီလာ ကာကွယ်ရေး ဆွေးနွေးပွဲ၌ ပြောကြားသည်။

အင်အားကြီး နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိ၏အကျိုးစီးပွားအတွက်   အဖွဲ့လိုက် ရန်စခြင်းကို လုပ်ဆောင်မည့်အစား အင်အားကြီးနိုင်ငံကဲ့သို့ ပြုမူဆောင်ရွက်သင့်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုဆိုးရွားလာစေမည့် ဆောင်ရွက်ချက်များကို ပြောင်းလဲသင့်ကြောင်း လီရှန်းဖူက ဇွန် ၄ ရက်တွင် ကျင်းပသည့် ဥရောပနိုင်ငံများမှ   ကာကွယ်ရေးဝန်ကြီးအချို့နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံကြီးတစ်နိုင်ငံက ၎င်းတို့၏သဘောအတိုင်း အခြားနိုင်ငံ များအပေါ် ပိတ်ဆို့မှု ချမှတ်နေခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူသည် အဆိုပါအစည်းအဝေးပွဲ၌ အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။

Ref: Sputnik