တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်း တပ်များတွင် စစ်မှု ထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်

တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်း တပ်များတွင် စစ်မှု ထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်

၁။       လျှောက်ထားသူသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-

(က)   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို) ဖြစ်ရမည်။

(ခ)     လျှောက်ထားသူသည် ၁-၈-၂၀၂၃ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက် မကြီးရ။

(ဂ)     အခြေခံပညာ အဋ္ဌမတန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။

(ဃ)    အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ကိုယ်အလေးချိန် ပေါင်(၁၀၀)နှင့် အထက်ရှိရမည်။

(အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

(င)     မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

၂။ လျှောက်လွှာပုံစံများကို နီးစပ်ရာ တပ်/ဌာနချုပ်များတွင်  အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal(www.myawady.net.mm/private(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၈-၆-၂၀၂၃ ရက်နေ့မှ ၇-၇-၂၀၂၃ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

(က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

(ခ)     အခြေခံပညာအဋ္ဌမတန်းအောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းထွက်လက်မှတ်(မူရင်း)နှင့် ဒီပလိုမာ/   ဘွဲ့ရရှိပြီး သူများ ဖြစ်ပါက ဒီပလိုမာ/ဘွဲ့လက်မှတ်(မူရင်း)။

(ဂ)    အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး /မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တစ်လ အတွင်း ရရှိသော ထောက်ခံစာ(မူရင်း)။

(ဃ)   တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

(င)     အိမ်ထောင်စုဝင်စာရင်း မိတ္တူ။

(စ)    မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။ ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည် သတ်မှတ်ရက်အတွင်း လျှောက်ထားခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများအား သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

           

၄။ အခြေခံတပ်သားသစ် သင်တန်းကို ၄ လတက်ရောက်ရမည်။ သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း တပ်သားသစ်လစာ (၁၄၄၀၀၀)ကျပ်ကို ခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက (တပ်သားအခြေခံလစာ (၁၅၀၀၀၀)ကျပ်နှင့် M.H.R.A (၁၀၀၀၀)ကျပ်၊ စုစုပေါင်း(၁၆၀၀၀၀) ခံစားခွင့် ရရှိမည်။

၅။ အခြေခံ တပ်သားသစ်သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း မိမိတာဝန် ထမ်းဆောင်လိုသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြု ရွေးချယ်နိုင်ပြီး၊ သင်တန်းဆင်းပြီး သတ်မှတ်ချက် ကိုက်ညီပါက မိမိဆန္ဒပြု ရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့(သို့မဟုတ်) သင့်လျော်ရာ   လက်ရုံး ဝန်ထမ်း တပ်ဖွဲ့တစ်ခုခုတွင် တာဝန် ထမ်းဆောင်ရမည်။ မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာတပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။