(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရရှိ

 (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရရှိ

နေပြည်တော်  ဇွန်  ၆

    ကမ္ဘောဒီးယားနိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း  အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ဒေသစံတော်ချိန် ၈နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ  ဖနောင်ပင်မြို့ရှိ အားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပခဲ့ရာ  Morodok Techo  National Stadium Complex ၌ ကျင်းပလျက်ရှိသည့်   ပြေးခုန်ပစ် အားကစားနည်း အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်စိုးပေက   ပထမ ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသား မီတာ (၈၀၀)အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်လင်းက  ပထမ ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီးမီတာ(၄၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မဝေေ၀သင်းက ဒုတိယငွေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး မီတာ(၄၀၀)  အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မလော်လာဝင်းက   ဒုတိယ ငွေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး မီတာ(၄၀၀)အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ  မနန္ဒာလင်းက   တတိယကြေးတံဆိပ်ဆု ကိုလည်းကောင်း၊    အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်အောင်မြင့်ဌေးက  တတိယကြေးတံဆိပ်ဆုကို လည်းကောင်း  ထပ်မံဆွတ်ခူး ရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားအား  ဆက်လက်ကျင်းပခဲ့ရာ  ပြိုင်ပွဲများတွင်  ပထမ၊  ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများကို  မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်  ဥက္ကဋ္ဌ  ဗိုလ်ချုပ်လှမိုးနှင့်    တာဝန်ရှိသူများက   ဆုများ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။