သီရိလင်္ကာနိုင်ငံ၊ အမရပူရသံဃာ့ကောင်စီ၊ ဥက္ကဋ္ဌဆရာတော်မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

သီရိလင်္ကာနိုင်ငံ၊ အမရပူရသံဃာ့ကောင်စီ၊ ဥက္ကဋ္ဌဆရာတော်မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရက်စွဲ၊ ၂၇-၅-၂၀၂၃

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသသည် ဘဝနတ်ထံပျံလွန်တော်မူကြောင်း ကြားသိရသည့်အတွက် များစွာဝမ်းနည်းကြေကွဲ ရပါသည်။ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ အသိုက်အဝန်းအတွက်သာမက ဆရာတော်ဘုရားကြီးအား ကြည်ညို လေးစားကြသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအတွက် ကြီးစွာသော ဆုံးရှုံးမှုလည်း ဖြစ်ပါသည်။ ဘာသာသာသနာတော်ဆိုင်ရာ မြတ်ဗုဒ္ဓ၏ဆိုရိုးစကားများနှင့် ဆရာတော်၏ ကရုဏာ တရားတို့အတွက် များစွာလေးစားဂုဏ်ယူမိပါသည်။

တပည့်သာဝကများအတွက် ကောင်းရာကောင်းကျိုးနှင့် အသိဉာဏ်ပွင့်လင်းအောင် ဘဝတစ်လျှောက် လုံးကြိုးစား ဆောင်ရွက်တော်မူခဲ့ပါသည်။ မိမိတို့၏ သန္တန်တွင် ငြိမ်းအေးစေရန်ရည်ရွယ်၍ စိတ်ခွန်အား နှင့် ငြိမ်းချမ်းမှုများကို ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် ဉာဏ်ပညာ၊ ကရုဏာနှင့်သဟဇာတဖြစ်မှု စသည့်အချက်များတွင် ဗုဒ္ဓဘာသာ၏ အခြေခံ သဘောတရား များကို နည်းမှန်လမ်းမှန် ညွှန်ပြနိုင်သော ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ဖြစ်ပါသည်။

ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိမြင်အောင်ကမ္ဘာတစ်ဝှမ်းလုံးရှိ ကမ္ဘာသူ ကမ္ဘာသား များအား ဆုံးမတော်မူခဲ့ပါသည်။ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် ထောက်ပံ့ကူညီ ဆောင်ရွက် ပေးတော်မူခဲ့ခြင်းသည် ဘာသာသာသနာသမိုင်းတွင် မှတ်တိုင်အဖြစ် ထင်ကျန်နေမည်ဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဘာသာသာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးလည်း ရှိပါသည်။ အကောင်းဆုံးသောဥပမာသည် သီရိလင်္ကာနိုင်ငံ၏ အမရပူရနိကာယသံဃာ့ ကောင်စီဖြစ်ပါသည်။ မြန်မာလူမျိုးများနှင့် မြန်မာနိုင်ငံမှ ရဟန်းသံဃာများသည် အမရပူရနိကာယကို တည်ထောင်ထိန်းသိမ်း ပျိုးထောင်ရာတွင် များစွာ အထောက်အပံ့ ပြုခဲ့ပါသည်။ နောက်ပိုင်းတွင် ဦးဆောင်ဆရာတော်က အဆိုပါ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ထို့ကြောင့် ဆရာတော်ဘုရား ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်များနှင့် ရဟန်းတော်များအတွက် အလွန်စိတ်မကောင်းဖြစ်ရပါသည်။