တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ဖလှယ်ရေး ဆွေးနွေး

တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ဖလှယ်ရေး ဆွေးနွေး

နေပြည်တော်  ဇွန်  ၆

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu     နှင့်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

    တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှု၊  ကုန်သွယ်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

    တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။