The Buddhist Association of China ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခြင်း

The Buddhist Association of China

ရက်စွဲ၊ ၂၆-၅-၂၀၂၃

ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ(သက်တော် ၉၄ နှစ်၊ ဝါတော်၇၄)သည် ၂၅-၅-၂၀၂၃ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း ကြားသိရသည့်အတွက် များစွာဝမ်းနည်းပူဆွေးရပါသဖြင့် မိမိတို့အသင်း၏ အဖွဲ့ဝင်များမှ ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် မြန်မာနိုင်ငံ၏ သံဃာတော်အသိုက်အဝန်း တစ်ခုလုံးအတွက် ကောင်းရာညွှန်ပြသော ဘာသာရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် ၎င်း၏ ဘဝတစ်လျှောက်လုံးတွင် ဗုဒ္ဓဘာသာဆိုင်ရာအဆုံးအမများကို လက်တွေ့သင်ကြားပြသခဲ့ပါသည်။ သတ္တဝါအားလုံး ပညာတတ်ရဟန်းတော်များနှင့် စာဝါလိုက်ကြသည့် သံဃာတော်များအား ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဓမ္မကိုဟောကြားခဲ့သည်။ ဗုဒ္ဓဘာသာတော်ထွန်းကားရန်နှင့် အမွေ ဆက်ခံရန်တို့အတွက် တက်ကြွစွာဆောင်ရွက်ပေးခဲ့သည်။ လူသားများ၏ ကောင်းကျိုးအတွက် အခိုင်အမာ ဆောင်ရွက်ခဲ့သည်။ ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာဝင်များ၏နှလုံးသားထဲတွင် စံနမူနာပြ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းများအတွက် ဆုံးရှုံးမှုသာမက ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ အတွက် ဆုံးရှုံးခြင်းလည်းဖြစ်ပါသည်။

ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသသည် တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းများအတွက်လည်း စစ်မှန်သော မိတ်ဆွေရင်းတစ်ဦး ဖြစ်ပါသည်။

ဆရာတော်ကြီးသည် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့မှ ဗုဒ္ဓဘာသာဝင်များက ကျင်းပပြုလုပ်သော အမျိုးမျိုးသော လှုပ်ရှားမှုများကို စိတ်အားထက်သန်စွာ အထောက်အပံ့ပေးခဲ့ပါသည်။ မိမိတို့နှစ်နိုင်ငံ အကြား ဗုဒ္ဓဘာသာအဖွဲ့အစည်းများ၏ ချစ်ကြည်ရင်းနှီးမှုကို များစွာမြှင့်တင်ပေးခဲ့ပါသည်။ မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်လာစေရန် အရေးကြီးသော ကူးလူး ဆက်ဆံရေးများကို ဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်ရန် မြန်မာနိုင်ငံမှ သံဃာတော်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ အဆိုပါကာလအတွင်း ဆရာတော်ကြီးသည် The Buddhist Association of China သို့ လေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဗုဒ္ဓဘာသာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန် ဖလှယ်ခြင်းတို့ကို ပိုမိုအားကောင်းလာစေရန်၊ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားရေးကို မြှင့်တင်ရန် ၎င်း၏ရည်ရွယ်ချက်ကို အတိအလင်းမြွက်ကြားခဲ့သည်။ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၏ ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းအတွက် ကြီးမားသော ဆုံးရှုံးမှုလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းအတွက်လည်း ကြင်နာမှုနှင့် ကြီးမားသော ဂုဏ်သတင်းတို့ဖြင့် ပြည့်စုံသောစစ်မှန်သည့် မိတ်ဆွေရင်း တစ်ဦးဆုံးရှုံးခြင်းလည်း ဖြစ်ပါသည်။ ယခုကဲ့သို့ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းအတွက် မိမိတို့ အနေဖြင့် များစွာကြေကွဲ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။

ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါး၏ကောင်းကျိုးကြောင့် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ ဆရာတော်ဘုရားကြီးအနေဖြင့်နိဗ္ဗာန်သို့ ရရှိ၊ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

                             ဥက္ကဋ္ဌ

The Buddhist Association of China