ဝန်ကြီးချုပ် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ရက်စွဲ၊ ၂၇-၅-၂၀၂၃ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခြင်း

ဝန်ကြီးချုပ်

သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ

ရက်စွဲ၊ ၂၇-၅-၂၀၂၃

ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခြင်း

အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။ ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ ဗုဒ္ဓဘာသာဝင်များ အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့နေစဉ်တွင် ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် ဤကဲ့သို့ ကြေကွဲဖွယ်အခိုက်အတန့်၌ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံရေးများကို ပြန်လည်အမှတ်ရမိပါသည်။

ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် နိုင်ငံတော်၏အမြင့်ဆုံး သံဃာ့အဖွဲ့အစည်းဖြစ်သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်တစ်ပါးအဖြစ် သာသနာ့ဝန်ကို ဆောင်ရွက်တော်မူခဲ့ပြီး  မြတ်ဗုဒ္ဓ၏ အဆုံးအမများကို ဘဝတစ်လျှောက်လုံး တပည့်သာဝကများအား သင်ကြားပြသပေးခဲ့သော မြတ်ဗုဒ္ဓ၏ အထိမ်းအမှတ်ဟု ဆိုရလောက်သော ပုဂ္ဂိုလ်ထူးတစ်ပါးလည်း ဖြစ်ပါသည်။ ဆရာတော် ဘုရားကြီး သည် သူ၏ဘဝတစ်လျှောက်လုံး ကရုဏာတရားဖြင့် သာသနာ့ဝန်ကို ဆောင်ရွက်တော်မူခဲ့ သည်။ ပြည်သူများအား တရားဓမ္မများဖြင့် နိုးကြားသိမြင်လာအောင် စေ့ဆော်ပေးခဲ့ရုံသာမက ပရဟိတ လုပ်ငန်းများတွင်လည်း စွမ်းစွမ်းတမံကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့သည်။

ပြည်တွင်း/ပြည်ပ၌ ဘာသာသာသနာကို ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ခြင်းနှင့် ကမ္ဘာ တစ်ဝှမ်း အထူးကြည်ညိုလေးစားခံရသော မဟာထေရ်တစ်ပါးဖြစ်ခြင်းတို့ကြောင့် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ် တော်တို့ကို ဆရာတော်ကြီးအား နိုင်ငံတော်အစိုးရက ဆက်ကပ်ချီးမြှင့်ခဲ့သည်။ ဗုဒ္ဓဘာသာတွင် အထူး တလည် ညွှန်းဆိုပြသော မေတ္တာတရားဟူသည့် ဂုဏ်ပုဒ်ကို ထာဝရစွဲကိုင်ထားသော ဆရာတော် ဘုရားကြီးသည် သာမန်ရိုးရှင်းသောဘဝဖြင့် ရှင်သန်နေထိုင်သော်လည်း ဖော်ပြပါသာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ သာသနာတော်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏မူဝါဒများကို အောင်မြင်စွာ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ရာတွင် ဗုဒ္ဓဘာသာအသိုက်အဝန်းအတွက် ပေးအပ်သော အကြံဉာဏ်၊ ကြီးစွာသောတန်ဖိုးနှင့် ကျေးဇူးတရားတို့ကို ပြန်ပြောင်း အောက်မေ့သတိရမိ ပါသဖြင့် များစွာဝမ်းနည်းကြေကွဲရပါသည်။

မြန်မာနိုင်ငံအတွက် ဆရာတော်ဘုရားကြီးထမ်းဆောင်ခဲ့သော သာသနာ့ဝန်သည် ဘာသာသာသနာနှင့် နိုင်ငံတော်အတွက် တုနှိုင်းစရာ မရှိအောင် ကြီးမားများပြားလှပါသည်။

သို့ဖြစ်ပါ၍ ဘဝနတ်ထံပျံလွန်တော်မူသွားသော ဆရာတော်ဘုရားကြီးအား နိဗ္ဗာန်လမ်း စံမြန်းပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။