ဗာတီကန်၂ ဇွန်လ ၂၀၂၃ ရဟန်းအမတ်ကာဒီနယ်ချာလ်းစ်ဘို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်

ဗာတီကန်၂ ဇွန်လ  ၂၀၂၃

ရဟန်းအမတ်ကာဒီနယ်ချာလ်းစ်ဘို

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်

အရှင်သူမြတ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းကို ဝမ်းနည်းစွာကြားသိရသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဉာဏ်ပညာအမြော်အမြင်နှင့်ပြည့်စုံပြီး သစ္စာသမာဓိ တည်ကြည်သော နောက်လိုက်တပည့်တော်အား ထာဝရသုခချမ်းသာရပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအမျှပေး ဝေကာ မြန်မာနိုင်ငံနှင့်နိုင်ငံအရပ်ရပ်ရှိ ကျွန်ုပ်တို့၏ဗုဒ္ဓဘာသာဝင် ညီအစ်ကိုမောင်နှမများ အားလုံး ထံသို့ အထူးဝမ်းနည်းကြောင်း သဝဏ်လွှာပါးလိုက်ပါသည်။

၂၀၁၇ ခုနှစ်တွင် သူ၏မြန်မာနိုင်ငံ တမန်တော်ခရီးစဉ်အတွင်း ကြည်ညိုဖွယ်ထိုက်လှသော   အရှင်သူမြတ်ထံတော်မှ ရရှိခံစားခဲ့ရသော နွေးထွေးပျူငှာသောကြိုဆိုမှုကို နှစ်သက်စွာ ပြန်လည် သတိရလျက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌအနေဖြင့်် အရှင်မြတ်ပေးတော်မူခဲ့သော ရက်ရောသော ဝန်ဆောင်မှု၊ အရှင်မြတ်လုပ်ဆောင်တော်မူခဲ့သော ငြိမ်းချမ်းရေးနှင့်တွေ့ဆုံဆွေးနွေးရေး အရှင်မြတ်ပေးတော်မူခဲ့သော ရက်ရောသောဝန်ဆောင်မှု၊ အရှင်မြတ် လုပ်ဆောင်တော်မူခဲ့သော   ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး ကဏ္ဍမြှင့်တင်ရေး၊ ဒေသဆိုင်ရာ ကက်သလစ်သာသနာတော်နှင့် ရင်းနှီးသော ဆက်ဆံရေးကိုမြှင့်တင်ခြင်း စသည်တို့အတွက်လည်း အသစ်တစ်ဖန် ကျေးဇူးဥပကာရ တင်ရှိရပါကြောင်း အသိပေးအပ်ပါသည်။

အရှင်သူမြတ်၏ အောက်မေ့ဖွယ်ရာများနှင့် ဝိညာဏအမွေတော်တို့သည် နေရာအရပ်ရပ်တိုင်းရှိ စိတ်ကောင်းစေတနာရှိကြသော လူပုဂ္ဂိုလ်အပေါင်းတို့အတွက် ခွန်အားရင်းမြစ်တစ်ခုဖြစ်သည်ကို ယုံကြည်လျက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဆရာတော်ဘုရားကြီး၏ ဘဝနတ်ထံ ပျံလွန်တော်မူခြင်းကြောင့် ဝမ်းနည်းပူဆွေးနေကြသောသူ အပေါင်းတို့အပေါ်သို့ ဘုရားရှင်၏ ကောင်းချီး မင်္ဂလာအပေါင်း  သက်ရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

ရဟန်းအမတ်ကာဒီနယ်ပီတာပါရော့လင်း

ဗာတီကန်နိုင်ငံဆိုင်ရာအတွင်းရေးမှူးချုပ်