ထန်းတပင်မြို့နယ်ရှိ မိဘမေတ္တာမူကြိုကျောင်း(ပုဂ္ဂလိကပိုင်)မှ မူကြိုကျောင်းဆရာမ နှစ်ဦး အား PDF အမည်ခံအကြမ်းဖက်သမားများက သတ်ဖြတ်

ထန်းတပင်မြို့နယ်ရှိ မိဘမေတ္တာမူကြိုကျောင်း(ပုဂ္ဂလိကပိုင်)မှ မူကြိုကျောင်းဆရာမ နှစ်ဦး အား PDF အမည်ခံအကြမ်းဖက်သမားများက သတ်ဖြတ်

နေပြည်တော်၊ ဇွန် - ၇

          နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံPDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ကျူးလွန် လျက်ရှိ သည်။

          ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၆ ရက် ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ်(၉၀/၉၁) ၊ မိဘမေတ္တာမူကြိုကျောင်း (ပုဂ္ဂလိကပိုင်)၌ မူကြိုဆရာမများ အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေါ်သဲမာလာဝင်း(ဘ)ဦးရွှေခိုင်နှင့် ဒေါ်ဆောင်းသဇင်ဦး  (ဘ)ဦးမောင်ဦး တို့သည် မူကြိုကျောင်းအတွင်း ရှိနေစဉ် PDF အမည်ခံအကြမ်းဖက် သမား ၄ ဦးက အဖြူရောင်အငှားယာဉ် ၁ စီးဖြင့် အနော်ရထာလမ်းဘက်မှ အေးမေတ္တာ  လမ်းအတိုင်း မောင်းနှင် ရောက်ရှိလာပြီး မူကြိုကျောင်းအတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်၍ လာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက် ပြေးသွားကြောင်း၊ အဆိုပါပစ်ခတ်ခဲ့မှုကြောင့်  မူကြိုကျောင်း ဆရာမ ၂ ဦးတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာများ ရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

          အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။