ကျေးဇူးတင်လွှာ                   

ကျေးဇူးတင်လွှာ                                         

နေပြည်တော်၊ ဇွန် - ၇

          နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး ( သက်တော် (၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါ ) သည် မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

          အဆိုပါဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို နာယကဆရာတော်ကြီးများ၏ ဩဝါဒများခံယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ နှင့်အညီ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ဇွန် ၆ ရက်နေ့တွင် အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားကို အန္တိမပူဇာသဘင်ဆင်ယင်ခြင်း၊ ချမ်းမြ သာစည် ဈာပနပကွင်းသို့  ကရဝိက်ယာဉ်တော်ဖြင့် ပင့်ဆောင်ခြင်း၊ အန္တိမဈာပန ပူဇာ သဘင် ဆင်ယင်ခြင်း၊ ယနေ့တွင် သရီရဓာတုပဝါဟနပူဇာဓာတ်ပြာတော်များအား  ဧရာဝတီမြစ်၊ မရမ်းခြံဆိပ်ကမ်း၌ ရေမျှော ပူဇော်ခြင်း အခမ်းအနားတို့ဖြင့် စည်းကား သိုက်မြိုက်စွာ ဆောင်ရွက်ခဲ့ပါသည်။

          ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနား၏  အန္တိမပူဇာသဘင်တွင် သံဝေဂဉာဏ် ပွားတော်မူကြောင်း သဝဏ်လွှာကို ဖတ်ကြားပူဇော်ခဲ့သည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊  ဓမ္မသံဝေဂကထာ တရားမြွက်ကြား တော်မူခဲ့သည့် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ် မဟာနာယက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသနှင့် အခမ်းအနားသို့ ကြွရောက်တော်မူသည့် နိုင်ငံတော် ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက  ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ၊ ရဟန်းသံဃာများနှင့် သာသနာနွယ်ဝင် သီလရှင်များ အားလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ကျင်းပ နိုင်ရေး ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့နှင့် မြို့နယ် သံဃနာယက အဖွဲ့များမှ ဆရာတော်၊ သံဃာတော်များ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန် ရှိသူများအား လည်းကောင်း၊ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ တက်ရောက် ပူဇော်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တပ်ရင်း/ တပ်ဖွဲ့ အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ ဘာသာပေါင်းစုံ အသင်းအဖွဲ့များ၊ ကရဝိတ်ဖောင်တော်၊ ဒေဝါဝင်း၊ ရာဇာဝင်းဖြင့် ပါဝင်ပူဇော် ပေးပါသော အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)မှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ဆရာတော် ဘုရားကြီး၏ ဆွေတော် မျိုးတော်များ၊ တပည့် ဒါယကာ၊ ဒါယိကာမများ၊ ဥပါသကာများ၊ သံဝေဂဂါထာဖြင့် ပူဇော်ပေးသည့် မန္တလေးသိန်းဇော်နှင့် အနုပညာ ရှင်များအား လည်းကောင်း၊ ဝမ်းနည်း ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ အကြီးအကဲများနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးအား လည်းကောင်း၊ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားတွင် လောင်တိုက်တော်နှင့် မဏ္ဍပ်များမှအစ စနစ်တကျ စီမံပေးပါသော ဆရာတော် အရှင်သူမြတ်များနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီး၏  အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာ သဘင် အခမ်းအနားနှင့် သရီရ ဓာတုပဝါ ဟနပူဇာ ဓာတ်ပြာတော်များအား ရေမျှော ပူဇော်ခြင်း အခမ်းအနားများအား တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်ပေးပါသော ပြန်ကြား ရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြသူများ ကျေးဇူးတင်ထိုက်သူ များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင် အခမ်းအနားကျင်းပရာ စံကျောင်းတော်နှင့် ချမ်းမြသာစည် ဈာပနကွင်းသို့ ပင့်ဆောင်ပူဇော်ရာတွင် လမ်းဘေး ဝဲယာ တစ်လျှောက်မှ စနစ်တကျ နှင့် စည်းကမ်းရှိစွာ ဂါရဝပြု ဖူးမြော်ကြည်ညို ခဲ့ကြသည့် ​ပြည်သူများ၊ သရီရ ဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များအား ရေမျှောပူဇော်ခြင်း အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြသူများနှင့် စေတနာ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခဲ့ကြသူများကို အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

 

အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီ