ရန်သူတပ်ဖွဲ့များအတွက် ခြိမ်းခြောက်လာနိုင်သည့် ရုရှားနှင့်တရုတ်တို့၏ အစွမ်းထက် တင့်ဖျက်ဒုံးကျည်များ

ရန်သူတပ်ဖွဲ့များအတွက် ခြိမ်းခြောက်လာနိုင်သည့် ရုရှားနှင့်တရုတ်တို့၏ အစွမ်းထက် တင့်ဖျက်ဒုံးကျည်များ

Kornet-EM တင့်ဖျက်ဒုံးကျည်

Kornet-EM တင့်ဖျက်ဒုံးကျည်သည် ဘက်စုံအသုံးပြုနိုင်သည့် တင့်ဖျက်ဒုံးကျည် အမျိုးအစား တစ်ခု ဖြစ်ပြီး ရုရှား KBP Instrument Design Bureau လက်နက်ဒီဇိုင်း ထုတ်လုပ်ရေးအဖွဲ့က ထုတ်လုပ် ထားခြင်းဖြစ်သည်။ ယင်းဒုံးကျည်ကို ထုတ်လုပ်ရသည့် အဓိကရည်မှန်းချက်မှာ ရန်သူ၏ ပင်မတိုက်ပွဲ ဝင်တင့်များ၊ အပေါ့စားသံချပ်ကာယာဉ်များ၊ အခိုင်အမာ ခြေကုပ်ယူထားသည့် ခံစစ်စခန်း များနှင့်   အနှေးမောင်းနှင် ပျံသန်းနေသည့် လေကြောင်းပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးရန်အတွက် ဖြစ်ပါ သည်။

Kornet-EM တင့်ဖျက်ဒုံးကျည်ကို ပခုံးထမ်းလောင်ချာ သို့မဟုတ် လေယာဉ်တင်သင်္ဘောအခြေပြု အလိုအလျောက်ပစ် ဒုံးပစ်စင်များတွင်  တပ်ဆင်ပစ်ခတ်နိုင်ပါသည်။

Kornet-EM တင့်ဖျက်ဒုံးကျည်စနစ်တွင် 9M133M-2၊ 9FM133M-2 နှင့် 9M133M-3 ဟူ၍ ဒုံးကျည်သုံးမျိုး ပါဝင်လျက်ရှိပါသည်။ ဒုံးကျည်တွင်  တပ်ဆင်ထားသည့်  လေဆာရောင်ခြည်သုံးအလို အလျောက်ပဲ့ထိန်း စနစ်ကြောင့် ဒုံးကျည်များအနေဖြင့် ၁၀ ကီလိုမီတာ အကွာအဝေးအတွင်းရှိ ပစ်မှတ်များကို ထိရောက်စွာ ချေမှုန်း တိုက်ခိုက်နိုင်ပါသည်။

ဒုံးကျည်များအနက် 9FM133M-2 ဒုံးကျည်သည် tandem Heat ထိပ်ဖူးတပ်ဆင်ထားသည့်   တင့်ဖျက် ဒုံးကျည်အမျိုးအစားဖြစ်သောကြောင့် ၁၁၀၀ မီလီမီတာမှ  ၁၃၀၀ မီလီမီတာအထူရှိ သံချပ်ကာများကို ထိုးဖောက်နိုင်စွမ်းရှိပါသည်။  ထို့ပြင် အဆိုပါတင့်ဖျက်ဒုံးကျည်သည် တီအင်တီယမ်းအား (TNT) ယမ်းအား ၁၀ ကီလိုအဆင့်ရှိ   ဖျက်အားပြင်း ထိပ်ဖူးများကိုသယ်ဆောင်နိုင်ပြီး  9M133M-3 ဒုံးကျည်မှာမူ တီအင်တီယမ်းအား ၇ ကီလိုနှင့်ညီမျှသည့် ဖျက်အားပြင်းထိပ်ဖူးတစ်ခုကို   သယ်ဆောင်ပစ်ခတ်နိုင်သော ကြောင့် ရန်သူ့တပ်များအား ထိရောက်စွာခြိမ်းခြောက်နိုင်မည်ဖြစ်ပါသည်။ အဆိုပါဒုံးကျည်ကို ရုရှား တပ်မတော်တွင် ၁၉၉၈ ခုနှစ်တွင်    စတင်အသုံးပြုခဲ့သော်လည်း အခြားနိုင်ငံများသို့   တင်ပို့သည့်အပြင် ရုရှားနိုင်ငံမှ လိုင်စင်ယူ၍ အချို့နိုင်ငံများတွင်လည်း ထုတ်လုပ်လျက်ရှိပါသည်။

ရုရှားနိုင်ငံသည် 9FM133M-2 ဒုံးကျည်အား ပထမဆုံးအကြိမ်အဖြစ် ဘာရိန်းနိုင်ငံသို့ တင်ပို့ခဲ့ပြီး နောက်အယ်လ်ဂျီးရီးယားသို့ ထပ်မံတင်ပို့ရောင်းချခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့က ရုရှားထံမှလိုင်စင်ယူ၍ ထုတ်လုပ်လာခဲ့ကြပါသည်။

HJ-12 (Red Arrow 12) ဒုံးကျည်

စွမ်းဆောင်ရည်ထက်မြက်သည့် HJ-12 (Red Arrow 12) ဒုံးကျည်သည်တရုတ် နိုင်ငံ ဃ့ငညေ သြမအ့ China North Industries Corporation မှ ထုတ်လုပ်ထားသည့် တတိယ မျိုးဆက်သစ် တင့်ဖျက် ဒုံးကျည်တစ်စင်း ဖြစ်ပါသည်။ အဆိုပါဒုံးကျည်သည် အလိုအလျောက်ပဲ့ထိန်းနိုင်သည့် ဒုံးကျည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းကကျင်းပသည့် ဒသမအကြိမ်မြောက် နိုင်ငံတကာ လေကြောင်းပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပါသည်။

HJ-12 (Red Arrow 12) ဒုံးကျည်သည် အလေးချိန်အားဖြင့် ၁၇ ကီလိုသာ ရှိပြီး စစ်သည်တစ်ဦးက ပခုံးထမ်း၍သော် လည်းကောင်း၊ သုံးချောင်းထောက် tripod ပေါ်ရှိ launch unit ကိုအသုံးပြု၍ အသုံးပြု တိုက်ခိုက်နိုင်ပါသည်။ အဆိုပါဒုံးကျည် သည် tandem Heat ထိပ်ဖူးများတပ်ဆင် ထားခြင်းကြောင့်   ရန်သူတပ်ဖွဲ့များ၏ တင့်များ၊ ဘန်ကာများ၊ ရေယာဉ်ငယ်များနှင့် အနိမ့်ပျံသန်းနေသည့် ရဟတ်ယာဉ်များ စသည့်ပစ်မှတ်များကို ချေမှုန်းဖျက်ဆီးနိုင်စွမ်းရှိပါသည်။ ထို့ပြင် ဒုံးကျည်တွင် တပ်ဆင်ထားသည့် ထိပ်ဖူးသည် ၁၁၀၀ မီလီမီတာ အထူရှိ explosive reactive armour ဖြင့် အကာအကွယ် ပေးထားသည့် သံချပ်ကာများကိုပါ ဖျက်ဆီးနိုင်စွမ်းရှိပါသည်။

HJ-12 (Red Arrow 12) ဒုံးကျည်သည် တရုတ်နိုင်ငံ၏ ပထမဆုံးသော ပခုံးထမ်းဒုံးကျည်ဖြစ်ပြီး  ၎င်းအားပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကြည်းတပ်၏ စွမ်းဆောင်ရည်ကိုတိုးမြှင့်ရန် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပါသည်။ တရုတ်အစိုးရသည် အဆိုပါဒုံးကျည်ကို အနောက်နိုင်ငံများက ထုတ်လုပ်သည့် တင့်ဖျက် ဒုံးကျည်များအား အမီလိုက်နိုင်ရန် ထုတ်လုပ်ထားခြင်းလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် အဆိုပါ ဒုံးကျည်ကို   ဖွံ့ဖြိုးဆဲနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် HJ-12 (Red Arrow 12) ဒုံးကျည်ကို ရာသီ မရွေးပစ်ခတ် တိုက်ခိုက်နိုင်သည့်အပြင် နေ့၊ ညစစ်ဆင်ရေးတွင်ပါ အသုံးပြုနိုင်ပါသည်။ ယင်းဒုံးကျည်ကို နေ့ပိုင်းတွင် အသုံးပြုမည်ဆိုပါက ရုပ်သံဖြင့်ပုံရိပ်ရှာဖွေသည့်စနစ်ကိုပါ တပ်ဆင်အသုံးပြုနိုင်ပါသည်။ အဆိုပါ လက်နက်စနစ်ဖြင့် အသုံးပြုပစ်ခတ်မည်ဆိုပါက အများဆုံးအကွာအဝေး ၄၀၀၀ အတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်မည်ဖြစ်ပြီး ဘန်ကာများအတွင်းမှလည်း ပစ်ခတ်နိုင်မည်ဖြစ်သောကြောင့် ရန်သူတပ်ဖွဲ့များအတွက် ခြိမ်းခြောက်လာနိုင်သည့် လက်နက်စနစ်များ ဖြစ်လာခဲ့ပါသည်။

Armytechnology

နိုင်အောင်