လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

ရန်ကုန်  ဇွန်  ၇

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့် Auto Top Power Co.ç Ltd. မှ တင်သွင်းလာသော Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ကိုးစီး၊ Faw Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ခြောက်စီး၊ Myanmar Brilliance Auto Co.ç Ltd. မှ တင်သွင်းလာသော Kaiyi B-EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ခြောက်စီးနှင့် Chin Dwin Shan Construction Co.ç Ltd.မှ တင်သွင်းလာသော Kaiyi B-EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ၁၅ စီး စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် ၃၆ စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် (၇-၆-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ    ထုတ်ယူ ခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။