ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့သို့ ရောက်ရှိ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့သို့ ရောက်ရှိ

နေပြည်တော်  ဇွန်  ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အာရပ်စော်ဘွား များပြည်ထောင်စု ဒူဘိုင်းမြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့သို့ ယနေ့မွန်းလွဲပိုင်းတွင်ရောက်ရှိရာ  Shukshin တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် Elena Viktorovna Guselnikova၊ တာဝန်ခံ ဒုတိယပါမောက္ခချုပ်  Dr. Mikhail Sergeevich Vlasov နှင့် ညွှန်ကြားရေးမှူး Dr. Natalya Grigoryevna Vinogradova တို့က  လေဆိပ်တွင်  လာရောက်ကြိုဆို နှုတ်ဆက်ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် National Library of the Republic of Tatarstan သို့သွားရောက်၍ စာအုပ်ငှားရမ်းမှုစနစ်၊ စာဖတ်ခန်းများ၊ စာအုပ်ဟောင်းများ  ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုလေ့လာသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် "Uram" အားကစားရွာသို့ ရောက်ရှိပြီး လူငယ်များ အားကစား လေ့ကျင့်နေမှုကိုလည်းကောင်း၊ DJ School သို့လည်းကောင်း သွားရောက်လေ့လာရာ  တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။