အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော်  ဇွန်  ၇

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ  Mr.Shirumalla Venkat Narayan နှင့်အဖွဲ့က  ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏   ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မီဒီယာကဏ္ဍ  ပူးပေါင်းဆောင်ရွက်ရေး၊ The Global New Light of Myanmar  သတင်းစာအဆင့်မြှင့်တင်ပြောင်းလဲရေးနှင့်  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသတင်းများ ထည့်သွင်း ဖော်ပြပေးရေး၊  အိန္ဒိယနိုင်ငံ၌  ဖွင့်လှစ်သည့်  သတင်းမီဒီယာသင်တန်းကျောင်းများတွင် မြန်မာနိုင်ငံမှ သင်တန်းသားများ ပိုမိုတက်ရောက်နိုင်ရေး၊ ပြည်ပမီဒီယာများ စိတ်ဝင်စားသည့် သတင်းနှင့် သတင်းပုံစံကျဖော်ပြနိုင်ရန်   ဆောင်ရွက်ရေး၊ သတင်းမီဒီယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးနိုင်ရေး၊  နိုင်ငံပိုင်မီဒီယာနှင့် လွတ်လပ်သည့် မီဒီယာဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ သတင်း သမားများ   အပြန်အလှန်လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်  ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။