လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း သင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲ ကျင်းပ

လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း သင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး   ကသာမြို့ရှိ ကသာပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်း ခွင်အကြို   မူလတန်းဆရာ အတတ်ပညာ သင်တန်း သင်တန်းသား၊ သင်တန်းသူများ အား   ကြိုဆိုပွဲအခမ်းအနားကို  ဇွန် ၇  ရက်တွင် အဆိုပါကောလိပ်ဘက်စုံသုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင်    ကသာပညာရေး ဒီဂရီကောလိပ်   ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး    ကသာခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော် က အမှာစကားပြောကြားရာတွင် ပညာ ရေးသည် လူတစ်ဦးချင်းစီအတွက်သာမက နိုင်ငံအတွက်ပါ အလွန်အရေးပါပြီး ခိုင်ခန့် သည့်အမာခံတည်ဆောက်ရေးပစ္စည်းတစ်ခု ကဲ့သို့ ဖော်ညွှန်းနိုင်ကြောင်း၊ ကသာပညာ ရေးဒီဂရီကောလိပ်မှ ပျိုးထောင်မွေးထုတ် ပေးလိုက်သည့်   ဆရာ၊  ဆရာမများက အနာဂတ်၏ ပညာရှင်များ၊ အခြေခံပညာ ရေးကဏ္ဍအတွက်  ပဲ့ကိုင်ရှင်များဖြစ်သည့် အတွက်  စိတ်ဓာတ်ကောင်း၍ စည်းကမ်း ပြည့်ဝပြီး ပညာထူးချွန်ပြည့်ဝသော ဆရာ၊ ဆရာမများဖြစ်စေရေး ကြိုးစားအားထုတ် ကြစေလိုကြောင်းနှင့် သင်တန်းပြီးမြောက်၍ လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ      မိမိ တို့တာဝန်ကျရာ ဒေသများ၌  ရပ်ရွာလူထု၊  မြို့မိမြို့ဖစသည့် ကျောင်းအကျိုးကိုဆောင် ကြမည့်ပုဂ္ဂိုလ်များနှင့်လည်း ဟန်ချက်ညီညီ လက်တွဲချိတ်ဆက်ပြီး ပညာရေး၏ရည်မှန်း ချက်များကို ပြည့်မြောက်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ကသာပညာရေးဒီဂရီကော လိပ်မှ သင်တန်းသား၊ သင်တန်းသူများက အကများဖြင့် ကပြဖျော်ဖြေကြပြီး ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ   ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့ အသိပညာပေး Video Clipကို ပြသသည်။

အဆိုပါ ကသာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်းကို  ဇွန် ၁ ရက်မှ သြဂုတ် ၁၁  ရက်အထိ  သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၂၈ ဦး တက် ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။    

ကျော်စွာ(ကသာ)