သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲကျင်းပ

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲကျင်းပ

လွိုင်ကော်၊ လူမှုရေး

ကယားပြည်နယ် လွိုင်ကော်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အပတ်စဉ်(၂၉) သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ် သင်တန်း သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားကို ဇွန် ၆ ရက်နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  အဖွင့်အမှာစကားပြောကြားရာတွင်  ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းသား၊ သင်တန်းသူများကို အသိပညာ၊ ဗဟုသုတ၊ စွမ်းရည်၊ စိတ်ဓာတ် ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးရန်လိုကြောင်း၊ သင်တန်းသား၊ သင်တန်းသူများကလည်း အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ပညာရပ်များကို သင်ယူမှတ်သားကြရန်၊ သူနာပြုများ လိုက်နာရမည့်   ကျင့်ဝတ်များကို အလေးထားပြီး ကျွမ်းကျင်မှုအရာသာမက စိတ်ရင်း စေတနာပြည့်ဝစွာနှင့် စောင့်ရှောက်ပေးနိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်ကြရန်၊ တာဝန်သိစိတ်၊ နိုင်ငံချစ်စိတ်ဖြင့် ပြည်နယ်နှင့်ပြည်သူများအတွက် အကျိုးပြုနိုင်သော သူနာပြုကောင်းများဖြစ်လာ အောင်   ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီး ဒေါ်မာမာဆွေက သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များ၊ ဆက်လက် လေ့လာဆည်းပူးရမည့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေနှင့် ဆန်၊ ဆီများကိုပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်မာမာဆွေကလည်းကောင်း၊ ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဆုများပေးအပ်ရာ ဆုရသင်တန်းသား၊ သင်တန်းသူများကလည်းကောင်း အသီးသီးလက်ခံရယူကြပြီး ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းကြကြောင်း သိရသည်။                          

 (၄၀၅)