တောင်ကိုးရီးယားမြေအောက် မီးရထားဘူတာရုံတွင် စက်လှေကားချွတ်ယွင်းမှုကြောင့် လူ ၁၄ ဦးဒဏ်ရာရှိ

တောင်ကိုးရီးယားမြေအောက် မီးရထားဘူတာရုံတွင် စက်လှေကားချွတ်ယွင်းမှုကြောင့် လူ ၁၄ ဦးဒဏ်ရာရှိ

 

တောင်ကိုရီးယားနိုင်ငံရှိ မြေအောက်မီးရထားဘူတာရုံတစ်ခု၌  ဇွန် ၈ ရက်တွင် စက်လှေကား ချွတ်ယွင်းမှုကြောင့် လူ ၁၄ ဦးဒဏ်ရာရရှိသွားကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်သည်။

အဆိုပါဖြစ်ရပ်သည် ဆိုးလ်မြို့တော်မှ ၂၀ ကီလိုမီတာအကွာရှိ ဆုန်ဂန်မြေအောက် မီးရထားဘူတာရုံတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင်ဖြစ်ပွားခြင်း ဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် လူသုံးဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသောကြောင့် ၎င်းတို့အား အာဏာပိုင်အဖွဲ့က နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အခြားသူများမှာ  ဒဏ်ရာပြင်းထန်မှုမရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့်စပ်လျဉ်း၍ အာဏာပိုင် အဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

Ref:UNI