ပြင်သစ်နိုင်ငံရှိ ပန်းခြံတစ်ခုတွင် လူအများအပြားအား ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် မူကြိုကျောင်းသားများ အပါအဝင် ခြောက်ဦးဒဏ်ရာရရှိ

ပြင်သစ်နိုင်ငံရှိ ပန်းခြံတစ်ခုတွင် လူအများအပြားအား ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် မူကြိုကျောင်းသားများ အပါအဝင် ခြောက်ဦးဒဏ်ရာရရှိ

ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်း အန်နန်စီ မြို့ရှိ ပန်းခြံတစ်ခုတွင် ဇွန် ၈ ရက်က မူကြိုကျောင်းသားများ အပါအဝင် လူအများအပြား အား ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူခြောက်ဦးဒဏ်ရာရရှိသွားကြောင်း ပြည်ထဲရေးဝန်ကြီး ဂျရယ်ဒါမနင်ကပြောသည်။

ဒဏ်ရာရရှိသူ ခြောက်ဦးအနက် လေးဦးမှာ ကလေးသူငယ်များဖြစ်ပြီး သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း အစိုးရရှေ့နေတစ်ဦးကပြောသည်။ ဓားဖြင့်  တိုက်ခိုက်သူမှာ အခြေအနေမဲ့တစ်ဦး ဖြစ်ပြီး  လွန်ခဲ့သည့် ၁၀ နှစ်က ဆွီဒင်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခံယူထားသူဖြစ်ကြောင်း၊ သို့သော် ၎င်းတွင် ယခင်က ရာဇဝတ်မှုကျူးလွန်ဖူးသည့် မှတ်တမ်းမရှိကြောင်း အစိုးရရှေ့နေက ဆက်ပြောသည်။   အဆိုပါ တိုက်ခိုက်မှုသည် အကြမ်းဖက်လိုသည့် စိတ်ဆန္ဒမရှိကြောင်း၊ သို့ရာတွင် အာဏာပိုင်အဖွဲ့များ အနေဖြင့်    တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ref: Lemonde, telesurenglish