ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

ဆီဆိုင်၊ ကျန်းမာရေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများရှိ အသက် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ပုံမှန် ကာကွယ်ဆေးထိုးပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မေမြတ်သူ နှင့်အဖွဲ့ဝင်များက အသက်နှစ်နှစ်အောက်ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်း ထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(PCV)၊ ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။             

ခွန်ရဲထွေး(ဆီဆိုင်)