သဲကုန်းမြို့နယ်၌ ကြိုတင်ဆန္ဒမဲလက်မှတ်များမှတ်ပုံတင်ခြင်း ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

သဲကုန်း၊ ရွေးကောက်ပွဲ

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များကို မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်း တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များထည့်သွင်းခြင်း ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်မြင့်က မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များကို မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မဲဆန္ဒနယ် ပြင်ပရောက် ပြည်ပကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များနှင့် ပြည်တွင်းကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များကို ကိုယ်စားလှယ်များနှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၏ ရှေ့မှောက်တွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီး သက်ဆိုင်ရာ ကြိုတင် မဲပုံးများထဲသို့ ထည့်သွင်းဆောင်ရွက်ကြကြောင်း သိရသည်။

မဲဆန္ဒနယ်ပြင်ပရောက် ပြည်ပကြိုတင်ဆန္ဒမဲပေးသူ၊ ပြည်တွင်းကြိုတင်ဆန္ဒမဲပေးသူတို့၏ ဆန္ဒမဲလက်မှတ်စာ အိတ်စုစုပေါင်း၁၅၉ အိတ်ကို ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းဆောင်ရွက်ကြောင်း သိရသည်။ 

 (၄၀၁)