ယခုဘဏ္ဍာနှစ်စ နှစ်လကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော် ရရှိထား

ယခုဘဏ္ဍာနှစ်စ နှစ်လကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော် ရရှိထား

    ယခုဘဏ္ဍာနှစ်စ နှစ်လကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စ ဧပြီ ၁ ရက် မှ ဇွန် ၉ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှု အနေဖြင့် နိုင်ငံပိုင်မှ အမေ ရိကန်ဒေါ်လာ ၆၀၉ ဒသမ ၁၁၅ သန်း ရရှိပြီး ပုဂ္ဂလိပိုင်မှ အမေရိကန်ဒေါ်လာ ၉၄၃ ဒသမ ၄၇၃ သန်းရရှိသည့်အတွက် စုစုပေါင်း   အမေရိကန်ဒေါ်လာ  ၁၅၅၂ ဒသမ  ၅၈၈  သန်းရရှိကြောင်း   သိရသည်။

ပြည်ပသို့     လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊    ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊   သစ်တောထွက် ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန် များ တင်ပို့ရာ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၅၅ ဒသမ ၇၄၅ သန်းရရှိရာ ယင်းပို့ကုန်များတွင် စက်မှုကုန်ချောတင်ပို့မှုမှ  အများဆုံး ရရှိထားကြောင်း သိရသည်။

ပြည်ပပို့ကုန်တွင် စက်မှုကုန်ချောဖြစ်သော ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမ နေရာတွင်ရှိနေပြီး   သကြား၊  လက်ဝတ်ရတနာနှင့် သဘာဝဓာတ်ငွေ့ စသည့်ပစ္စည်းများလည်း တင်ပို့ကြောင်း သိရသည်။

ထို့ပြင်  ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု၊  ကုန်ပစ္စည်း၊    လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့်  CMP  တို့ကိုလည်း တင်သွင်းကြောင်း သိရသည်။