ဘင်္ဂလားဒေ့ရှ်က  BRICS  အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး တရားဝင်လျှောက်ထား

ဘင်္ဂလားဒေ့ရှ်က  BRICS  အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး တရားဝင်လျှောက်ထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံက BRICS စီးပွားရေးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေးအတွက် တရားဝင်လျှောက်ထား တောင်းဆိုလိုက်ကြောင်း ဒေသတွင်းသတင်းဌာနများက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဖွဲ့ဝင်နိုင်ငံအဖြစ်လျှောက်ထားမှုကို တောင်အာဖရိကနိုင်ငံ၌ သြဂုတ်လတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

ယခုသတင်းကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်သမ္မတ  ရှိတ်ဟာဆီနာနှင့်  တောင်အာဖရိကသမ္မတ   ဆိုင်ရေးရာမာဖိုဆာတို့ကြား လုပ်ဆောင်ခဲ့သည့် တွေ့ဆုံမှုတွင် ပါဝင်သူ၏ ပြောဆိုချက်အရ Dhaka Tribune က ဖော်ပြထားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက လက်ရှိတွင် နိုင်ငံသည် BRICS အဖွဲ့၏  မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ခံထားရကြောင်း၊ အစိုးရအနေဖြင့် လက်ရှိ BRICS အဖွဲ့ဥက္ကဋ္ဌဖြစ်သော    တောင်အာဖရိက အစိုးရသို့ အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် လျှောက်လွှာတင်ထားပြီးဖြစ်ကြောင်း အတည်ပြုထားသည်။

အဆိုပါ BRICS အဖွဲ့တွင်  ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့်တောင်အာဖရိကနိုင်ငံတို့ ပါဝင်ကာ အနောက်အုပ်စုက ရုရှားအပေါ်ပစ်မှတ်ထားသည့် စီးပွားရေးစစ်ပွဲကိုဆင်နွှဲရန်   အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစနစ်များ၏ အရှိန်အဝါကို အသုံးပြုလာသောကြောင့် ပြီးခဲ့သည့်တစ်နှစ်ခွဲခန့်အတွင်း BRICS အဖွဲ့သို့ဝင်လိုသည့်  နိုင်ငံအရေအတွက် မြင့်တက်လာခြင်း ဖြစ်သည်။

BRICS အဖွဲ့သို့ဝင်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံအသစ်များသည် အဖွဲ့ကြီး၏ ဗဟုဝင်ရိုးဆိုင်ရာ အုတ်မြစ်များကို   ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊    သို့သော် ထိုအဖွဲ့ဝင်နိုင်ငံအသစ်ကို လက်ခံခြင်းပြု၊ မပြုဆိုသည်မှာ ရှိဆဲအဖွဲ့ဝင်နိုင်ငံများ၏ တညီတညွတ်တည်း ထောက်ခံချက်ကို ရရှိရန် လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလပ်ရော့က ပြောသည်။

Ref: RT