၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်စတွင် ပြည်ပနိုင်ငံများသို့ ပို့ကုန်သွင်းကုန် ကုန်သွယ်မှု ယခင်နှစ်ကာလတူထက်ကျဆင်း

ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် နှစ်စတွင် ပြည်ပနိုင်ငံများသို့ ပို့ကုန်၊ သွင်းကုန်ကုန်သွယ်မှု  ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာ ရက်မှ ၂၃ ရက်အထိ   ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၅၈ ဒသမ ၉၅၈ သန်းကျော်အထိ ရှိခဲ့ပြီး  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၇၁ ဒသမ ၃၉၃ သန်းအထိ ရှိခဲ့သောကြောင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၈၁၂ ဒသမ ၄၃၅ သန်း ကျဆင်းခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၁၅၁ ဒသမ ၅၆၈ သန်း အထိ ကုန်သွယ်နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ် ရေးမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၀၇ ဒသမ ၃၉ သန်းအထိ   ကုန်သွယ်နိုင်ခဲ့သည်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် များတယ်။ ပို့ကုန်မှာဆိုရင် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဒသမ ၅၁၈ သန်းလောက်   မြင့်တက်ခဲ့တယ်။  အခုဘဏ္ဍာနှစ်စမှာတော့ ကုန်သွယ်မှုကျဆင်းနေပါတယ်ဟု အဆိုပါဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။

ထို့ပြင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀၆ ဒသမ ၉၄၁ သန်းသာရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၉၅၂ ဒသမ ၀၁၇ သန်းကျော်အထိ ရှိခဲ့သည်။  ထို့ကြောင့်  ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက  ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး နှစ်ခုစလုံးတွင်  ပို့ကုန်၊ သွင်းကုန်  ကုန်သွယ်မှု ကျဆင်းခဲ့ကြောင်း သိရသည်။  

ကျော်ကို